Day 1: Arrival Korea (B/L//D) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ည တွင် လေကြောင်းလိုင်းဖြင့် ကိုရီးယား သို့ ထွက်ခွာလာပါမည်။ လေယာဉ်ပေါ်တွင် ညစာ သုံးဆောင်၍ အိပ်စက်အနားယူကာလိုက်ပါလာပါမည်။ Day 2: Seoul-Mt.Sorak (B/L/D) ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကိုရီးယား အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်နှင့် ဧည့်လမ်းညွှန်မှ နွေးထွေး ပျူငှာစွာ လာရောက်ကြိုဆိုပါမည်။ ပထမဦးစွာ ရ မိုင်ရှည်လျားသော် Cheonggyecheon ချောင်းသို့သွားရောက်၍ အလှဓာတ်ပုံများ ရိုက်ကူး ကြပါမည်။ ကိုရီးယားနိုင်ငံ၏ ဘုရင်များအဆက်ဆက်နန်းတက်ခဲ့သော Gwanghwamun နန်းတော်သို့ သွားရောက်လေ့လာ ကြပါမည်။ ထိုမှတဆင့် ကိုရီးယား၏အကြီးဆုံးစျေးဖြစ်၍ ၂၄ နာရီဖွင့်သော Dongdaemun စျေးသို့သွားရောက်ပါမည်။ ထို့နောက် Gwangwon နယ်၏ မြို ့ဖြစ်သော Chuncheon […]

ဆိုးလ် – ကိုရီးယား

Starting from USD / pax



0 Comments | 0 Likes & Shares | 1 Viewed

ခရီးစဉ် အကျဉ်းချုပ်


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကိုရီးယား အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်နှင့် ဧည့်လမ်းညွှန်မှ နွေးထွေး ပျူငှာစွာ လာရောက်ကြိုဆိုပါမည်။ ပထမဦးစွာ ရ မိုင်ရှည်လျားသော် Cheonggyecheon ချောင်းသို့သွားရောက်၍ အလှဓာတ်ပုံများ ရိုက်ကူး ကြပါမည်။ ကိုရီးယားနိုင်ငံ၏ ဘုရင်များအဆက်ဆက်နန်းတက်ခဲ့သော Gwanghwamun နန်းတော်သို့ သွားရောက်လေ့လာ ကြပါမည်။ ထိုမှတဆင့် ကိုရီးယား၏အကြီးဆုံးစျေးဖြစ်၍ ၂၄ နာရီဖွင့်သော Dongdaemun စျေးသို့သွားရောက်ပါမည်။ ထို့နောက် Gwangwon နယ်၏ မြို ့ဖြစ်သော Chuncheon မြို့သို့ သွားရောက်ကြပါမည်။


Day 1: Arrival Korea (B/L//D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ည တွင် လေကြောင်းလိုင်းဖြင့် ကိုရီးယား သို့ ထွက်ခွာလာပါမည်။ လေယာဉ်ပေါ်တွင် ညစာ သုံးဆောင်၍ အိပ်စက်အနားယူကာလိုက်ပါလာပါမည်။

Day 2: Seoul-Mt.Sorak (B/L/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကိုရီးယား အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်နှင့် ဧည့်လမ်းညွှန်မှ နွေးထွေး ပျူငှာစွာ လာရောက်ကြိုဆိုပါမည်။ ပထမဦးစွာ ရ မိုင်ရှည်လျားသော် Cheonggyecheon ချောင်းသို့သွားရောက်၍ အလှဓာတ်ပုံများ ရိုက်ကူး ကြပါမည်။ ကိုရီးယားနိုင်ငံ၏ ဘုရင်များအဆက်ဆက်နန်းတက်ခဲ့သော Gwanghwamun နန်းတော်သို့ သွားရောက်လေ့လာ ကြပါမည်။ ထိုမှတဆင့် ကိုရီးယား၏အကြီးဆုံးစျေးဖြစ်၍ ၂၄ နာရီဖွင့်သော Dongdaemun စျေးသို့သွားရောက်ပါမည်။ ထို့နောက် Gwangwon နယ်၏ မြို ့ဖြစ်သော Chuncheon မြို့သို့ သွားရောက်ကြပါမည်။ Chuncheon သို့ရောက်လျှင် ကိုရီးယားနာမည်ကျော် ရုပ်ရှင်ဇာတ်လမ်းတွဲ ဖြစ်သော ဟေမာန်ဆောင်းရဲ့ချစ်သက်သေ ရုပ်ရှင် ဇာတ်လမ်းတွဲရိုက်ကူးရာ Nami Island သို့သွားရောက်၍ အလှ ဓာတ်ပုံများ ရိုက်ကူးကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင်အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 3: Sorak National Park – Seoul (B/L/D)

ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးနောက် Kwonkeumsung သစ်တောအတွင်းရှိ Sorak အမျိုးသားဥယျာဉ်ကို Cable ကားစီးခြင်းဖြင့် လေ့လာပြီးနောက် Shinheungsa ဘုရားကျောင်း ကိုလည်းဝင်ရောက်လေ့လာကြပါမည်။ Sorak တောင်၏ ပန်းချီကားချပ်အလား ရှူမောဖွယ်အလှအပများကို Gwongeumseong ရဲတိုက်မှကြည့်ရှု့ခံစားနိုင်မည်ဖြစ်ပါသည်။ ထို့နောက် ကိုရီးယားနိုင်ငံဧ။် နာမည်ကျော် အစားအစာ တစ်ခုဖြစ်သောကင်မ်ချီ ပြုလုပ်ပုံအဆင့်ဆင့်ကို သင်ယူရမည့် Kimchi School နှင့် လှပသော ကိုရီးယားရိုးရာဝတ်စုံလေးများ ကို ကိုယ်တိုင်ဝတ်ဆင်၍ ဓာတ်ပုံများ ရိုက်ကူးနိုင်မည့် Han Bok House သို့ ပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် 1976 တွင် ဖွင့်လှစ်ခဲ့သော 247 ဧက ကျယ်ဝန်းလှသည့် ဓာတ်ပုံရိုက််ရန် အထူးဆွဲဆောင်လျှက် ရှိသည့် Everland ကစားကွင်းသို့ သွားရောက် လည်ပတ်ကြပါမည်။ Everland ကစားကွင်းတွင် သစ်သားဖြင့်ပြုလုပ်ထားသော ရိုလာကိုစတာ၊ K-Pop ပရိသတ်များအတွက် အဆိုတော် K-Pop Hologram တို့၏ ဖျော်ဖြေတင်ဆက်မှု၊ Rose Garden ၊ ခြင်္သေ့ ၊ ကျား နှင့် ဆင်၊ သစ်ကုလားအုပ်၊ မြင်းကျား နှင့် အခြားတိရစ္ဆာန်များကို မြင်တွေ့နိုင်မည့် Safari World နှင့် အခြားအခြားသော ကစားနည်းမျိုးစုံမျိုးကို စိတ်ကြိုက် ကစား နိုင်မည် ဖြစ်ပါသည်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင်အေးချမ်းစွာ အိပ်စက်အနားယူပါမည်

Day 4: Seoul Sightseeing (B/L/D)

ဟိုတယ်တွင်နံနက်စာ သုံးေဆောင်ပြီးနောက် ကိုရီးယားတို့၏ ရှေးဟောင်းအမွေအနှစ်များ စုစည်းရာ Gyeongbokgung Palace ၊ ကိုရီးယားအမျိုးသား Folk ပြတိုက်၊ သမ္မတအိမ်တော် (Blue House) တို့အား သွားရောက်လည်ပတ်ပါမည်။ ဂျင်ဆင်းတိုင်းပြည် ဟု ခေါ်ဝေါ်ကြသော ကိုရီးယားနိုင်ငံထွက် ဂျင်ဆင်းများအား လေ့လာနိုင်ရန် ဂျင်ဆင်း ပြတိုက် ၊ ခရမ်းဆွဲကျောက်မျက်ရတနာများကို လေ့လာနိုင်ရန် Korean Herb shop သို့ ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟန်မြစ်ကမ်းတစ်လျှောက် ပျော်ပျော်ပါးပါး ဓာတ်ပုံများရိုက်ကြပါမည်။ ထို့နောက် နာမည်ကြီး Brand များ ၊ ကိုရီးယားနိုင်ငံထွက် ဒီဇိုင်းမျိုးစုံနှင့် အဝတ်အထည်များအား တစ်စုတစ်စီးတည်း ၀ယ်ယူနိုင်သည့် Shopping ထွက်ရန်အကောင်းဆုံးနေရာ ဖြစ်သော Dongdaemun Market သို့ ပို့ဆောင်ပေးပါမည်။ ဧည့်သည်တို့ စိတ်ကြိုက်စျေးဝယ်ပြီးနောက် ဟိုတယ်သို့ ပြန်လာ၍အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day 5: Seoul Sightseeing (B/L/D)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် 1971 တွင် နမ်ဆမ် တောင်ထိပ်ပေါ်တွင် တည်ဆောက်ထားသော မြို့တစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှူနိုင်သည့် ဆိုးလ်၏ အမြင့်ဆုံးမျှော်စင် Namsan Tower သို့ သွားရောက်လည်ပတ်ပါမည်။ ချစ်သူစုံတွဲများက သူတို့၏ချစ်ခြင််းများကို သော့ခတ်သိမ်းထားပြီးနောက် သော့တံကို လွှတ်ပစ်လိုက်ခြင်းဖြင့် ပို၍ခိုင်မြဲသည်ဟူသော အယူအဆကြောင့် ရောင်စုံသော့ခလောက်ကလေး များရှိရာ ထို Namsan Tower သည် ကိုရီးယားနိုင်ငံ၏ ဆွဲဆောင်မှုတစ်ခုဖြစ်ပါသည်။ ထို့နောက် Namsan Hanok Village သို့သွားရောက်၍ ရိုးရာအိမ်များဖြင့် အလှဓာတ်ပုံများရိုက်ကူး၍ ကိုရီးယားယဉ်ကျေးမှုများကို လေ့လာကြပါမည်။ ထိုမှတဆင့် Amethyst Factory တွင် ခရမ်းဆွဲ ကျောက်လေးများကို သွားရောက်လေ့လာကြပါမည်။ ဆက်လက်၍ ကိုရီးယားနိုင်ငံထွက် Cosmetic ပစ္စည်းများအား စျေးသက်သက်သာသာ ဖြင့် ၀ယ်ယူနိုင်ရန် Cosmetic Gallery နှင့် Duty Free ဆိုင်များသို့ ပို့ဆောင်ပေးပါမည်။ ပျော်ရွှင်စရာ Drum Cat Show ကိုကြည့်ရှုကြ ပြီးနောက် ညစာ သုံးဆာင်ကြပါမည်။ ထိုမှတဆင့် ဟိုတယ်သို့ပြန်လည်၍အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day 6: Myeongdong – Transfer to Yangon (B/L)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးသည်နှင့် နာမည်ကျော် Myeongdong စျေးသို့သွားရောက်၍မိမိတို့စိတ်ကြိုက် စျေးဝယ်ထွက် ကြပါမည်။ ထို့နောက် ရန်ကုန်သို့ ပြန်လာနိုင်ရန် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ် သို့ လိုက်ပါပို့ဆောင်ပေးပါမည်။

HOTEL USED: 3 STARS CATEGORY (Twin Sharing)

  • Hotel in Sorak : Seorak Daemyung Resort or Similar
  • Hotel in Seoul : Hotel Diamant or Similar

 


ပါ၀င်သော မပါ၀င်သော ၀န်ဆောင်မှု

ခရီးစဉ်တွင် ပါ၀င်သော ၀န်ဆောင်မှုများ
  1. ခရီးစဉ်တစ်လျှောက်ကားအကြိုအပို ့
  2. နံနက်စာ၊နေ ့လည်စာ နှင့် ညစာကို ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်းကျွေးမွေးဧည့်ခံပါမည်။
  3. ခရီးစဉ်တွင် ပါ၀င်သော လည်ပတ်သည့်နေရာများ၏ ၀င်ကြေးများ
  4. ကြယ်သုံးပွင် ့ဟိုတယ်တွင် တည်းခိုစရိတ်
  5. English Speaking tour guide
  6. ၀င်ခွင့်ဗီဇာစရိတ်များ
ခရီးစဉ်တွင် မပါ၀င်သော ၀န်ဆောင်မှုများ
  1. ခရီးစဉ်တွင်ဖေါ်ပြမထားသောလည်ပတ်မှုများ၊ သွားလာစရိတ်များ
  2. လေယာဉ်ဝန်ပိုသယ်ဆောင်စရိတ် (Extra Baggage Charges)
  3. ရေသန် ့၊အချိုရည် နှင် ့ အဖျော်ယမကာများ
  4. မိမိကိုယ်ပိုင်ပစ္စည်း သယ်ဆောင်ခများ (Porter Charges) များ
  5. အဝတ်လျှော်ခများ (Laundry Service), ကိုယ်ပိုင်အသုံးစရိတ်များ (Personal uses)
  6. International or Domestic Flight Ticket
 

ငွေပေးချေမှုရမည့်စည်းမျဉ်းစည်းကမ်းများ

Confirmation တွင် 100% ပေးချေပေးပါရန်။
  • Cancellation Policy
    • Non-refundable

ဘွတ်ကင် အခြေအနေများ

မှတ်ချက် - Visa လျှောက်ရာတွင် သံရုံးမှတောင်းသောစာရွက်စာတမ်းများကို အပြည့်အစုံပေးရပါမည်။လိုအပ်ပါက လူကိုယ်တိုင် လိုက်ပါ ဆောင်ရွက်ရပါမည်။


စျေးနှုန်း : $

စိတ်၀င်စားဖွယ် နေရာများ

ဓါတ်ပုံပြခန်း

ဆိုးလ် – ကိုရီးယား



Starting from USD / pax

When it comes to a holiday trip in Myanmar, it is never too early to start planning.

Tours Information

Starting date of tour

Finishing date of tour

No of Travelers

Personal Details

Gender

Contact Name

Nationality

Country

Contact Email

Flight Number


ဖေ့ဘုတ်မှ နောက်ဆုံးရရှိသော ရုပ်ပုံများ


Odyssey Travels & Tours

Email
[email protected], [email protected]
Phone
(+95 9) 73197799, (+95 1) 246337, 246338, 254178, 392870
Fax
(+95 1) 246337
Address
Room (303), 3rd Floor, Olympic Tower, Bo Aung Kyaw Street, KyaukTaDa Township, Yangon 11116, Myanmar
Website
www.odysseymyanmar.com

ပင်မ မာတိကာ

အချိန်ကာလ အလိုက် ခရီးစဉ်များရှာပါ

အမျိုးအစား အလိုက် ခရီးစဉ်များရှာပါ