မိတ်ဆက်

Odyssey Travels & Tours မှကြိုဆိုပါ၏

Odyssey Travels & Tours သည် ရန်ကုန်မြို့အခြေဆိုက်ခရီးသွားလုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာပြည်အနှံ့ ၌လက်ခွဲအရောင်းကိုယ်စားလှယ်များစွာရှိပါသည်။ ခရီးသွားဧည့်သည်တို့၏ စိတ်ကျေနပ်မှုရရှိခြင်းသည် Odyssey ၏အဓိကရည်ရွယ်ချက်ဖြစ်ပြီး ပျော်ရွှင်ဖွယ်ခရီးစဉ်တစ်ခုဖြစ်နိုင်ရန် အကောင်းဆုံးဝန်ဆောင်မှုများဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ Solo Traveler များ၊ Honeymooner များ၊မိသားစုသူငယ်ချင်းများနှင့် သီးသန့်ခရီးသွားချင်သူများ၊ company အသင်းဖွဲ့များ၏ဝန်ထမ်းခရီးစဉ်များ နှင့်အရောင်းကိုယ်စားလှယ်များအတွက်စီစဉ်ပေးသောပြည်တွင်းပြည်ပခရီးစဉ်အမျိုးမျိုးကို လူဦးရေတစ်ယောက်မှစ၍ ထောင်ချီအထိ ဧည် ့သည်တော်များသုံးစွဲချင်သောငွေပမာဏ နှင် ့သင့်တော်ကောင်းမွန်သော ခရီးစဉ်များကို အကြံပေး ရေးဆွဲပေးနေပါသည်။ကျွန်ုပ်တို့ ဧည့်သည်များထဲတွင် ပြည်ပရှိ Media များ၊ ပြည်တွင်းရှိနာမည်ကြီးကုမ္ပဏီများ၊Celebrities များ၊ SME၊ MNC၊ INGO ၊ ပြည်တွင်းပြည်ပ ခရီးသည် အမျိုးမျိုး အစရှိသည်တို့ပါဝင်ပါသည်။ နှစ်စဉ်ထောင်ကျော်သောဧည့်သည်တော်များကိုဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီဖြစ်သောကြောင့်အတွေ ့ အကြုံပိုင်းနှင့်ဝန်ဆောင်မှုအပိုင်းများကိုအထူးပင်အာမခံပေးရောင်းချပေးလျက်ရှိပါသည်ရှင်။

အဓိကဝန်ဆောင်မှုများ

  1. ပြည်တွင်းပြည်ပခရီးစဉ်အမျိုးမျိုး
  2. ပြည်တွင်း၊ ပြည်ပလေယာဉ်လက်မှတ်
  3. အပျော်စီးသင်္ဘောနှင့် ပြည်တွင်းကားလက်မှတ်များ
  4. ကားအငှားဝန်ဆောင်မှုများ၊ ဝန်ကြေးလက်မှတ်များ
  5. ဟိုတယ်အခန်းဝန်ဆောင်မှုများ
  6. ဧည့်လမ်းညွှန်ဝန်ဆောင်မှု
  7. အခြားခရီးသွားလုပ်ငန်းနှင့်ပတ်သတ်သည့်ဝန်ဆောင်မှုများ

 

ပြည်တွင်းခရီးသွားလုပ်ငန်း

မြန်မာပြည်အနံ ့နေရာဒေသအသီးသီးကိုတစ်ဦးချင်းဖြစ်စေ၊မိသားစုနှင့်ဖြစ်စေ၊အဖွဲ့အစည်းလိုက်ဖြစ်စေ သုံးချင်သောငွေပမာဏနှင့်သင့်တော်သည့်အကောင်းမွန်ဆုံးနေရာထိုင်ခင်း၊ဖွယ်ရာသောအစားအသောက် မျိုးစုံ၊ညိမ့်ညောင်းသောလေအိတ်ကားများ၊ဖော်ရွေသောဧည့်လမ်းညွှန်များနှင့်တစ်သက်တာအမှတ်တရများ ဖန်တီးပေးနေပါသည်။ခရီးစဉ်စုံစမ်းသည့်အချိန်မှစ၍ခရီးစဉ်ပြီးဆုံးပြန်ရောက်သည်အထိ Odyssey မိသားစုဝင်များက ယဉ်ကျေးပျူငှာစိတ်ရှည်စွာနှင့်ဝန်ဆောင်မှုပေးရန် အဆင့်စောင့်ကြိုနေပါသည်။

 

ပြည်ပခရီးသွားလုပ်ငန်း

ကြင်စဦးမောင်နှံများ၏ Honeymoon ခရီးစဉ်များ၊ မိသားစုသူငယ်ချင်းများအတွက် ပြည်ပခရီးစဉ်အမျိုးမျိုးနှင့် ကုမ္ပဏီ အသင်းအဖွဲ့အမျိုးမျိုးအတွက်သင့်တော်ကောင်းမွန်သော ပြည်ပရှိခရီးစဉ်များကို တစ်သက်တာမမေ့ နိုင်သော အမှတ်တရနေ ့ရက်များဖြစ်အောင်စီစဉ်ဖန်တီးပေးလျက်ရှိပါသည်။ ဘာလီ၊ မော်လ်ဒိုက်၊ စင်္ကာပူ၊ ထိုင်း၊ ကိုရီးယား၊ တရုတ်၊ ဂျပန်၊ မလေးရှား၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဟောင်ကောင်၊မကာအို၊ဥရောပ၊အမေရိကားအစ ရှိသည့် နိုင်ငံများအပြင်မိမိသွားလိုသောနိုင်ငံများသို ့လည်းစုံစမ်းမေးမြန်းနိုင်ပါသည်ရှင်။

 

လေယာဉ်လက်မှတ်လုပ်ငန်း

ပြည်တွင်းရှိလေကြောင်းလိုင်းအားလုံးနှင့့််ပြည်ပလေကြောင်းလိုင်းအများစု၏တရားဝင်အရောင်းကိုယ်စားလယ်ဖြစ်သောကြောင့်ပြည်တွင်းပြည်ပလေယာဉ်လက်မှတ်များကိုဈေးနှုန်းသက်သာစွာဖြင့်လက်လီလက်ကားရောင်းချပေး နေပါသည်။ ည(၁)နာရီထိလည်းလေယာဉ်လက်မှတ်များဝယ်ယူနိုင်အောင်စီစဉ်ပေးထားပါသည်။

ဆက်သွယ်နိုင်သည့်လိပ်စာများ

ရုံးချုပ်
အခန်း (၃၀၃)၊ ၃လွှာ၊ အိုလံပစ်တာဝါ၊ ဗိုလ်အောင်ကျော်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ်: 01 246337,246338,392870,254178, 09 73197799
ဖက်စ်: 01-392870
လေယာဉ်လက်မှတ်အရောင်းဋ္ဌာန
အမှတ် (၂၂၁/၂၂၃)၊ မြေညီထပ်၊ ဗိုလ်အောင်ကျော်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ်: 01 246334,246339,373199,240545, 09 73187799
ဖက်စ်: 01240545
ည(၁)နာရီဝန်ဆောင်မှု – 09 444 888 105 , 09 444 888 106
မြစ်ကြီးနားရုံးခွဲ
အမှတ် (၂၃၆)၊ ပြည်ထောင်စုလမ်း၊ စိန်မြဧရာပန်းခြံအနီး၊ မြစ်ကြီးနား။
ဖုန်းနံပါတ်: 09 4000 200 45 ,074-20590
ဖက်စ်: 074-246361

ဖေ့ဘုတ်မှ နောက်ဆုံးရရှိသော ရုပ်ပုံများ


Odyssey Travels & Tours

Email
[email protected], [email protected]
Phone
(+95 9) 269869090, (+95 9) 269869091
Fax
(+95 1) 246337
Address
No.3/ A, Bogyoke Aung San Road, #14-00 Junction City Tower, Pabedan Township, 11141, Yangon, Myanmar
Website
www.odysseymyanmar.com

ပင်မ မာတိကာ

အချိန်ကာလ အလိုက် ခရီးစဉ်များရှာပါ

အမျိုးအစား အလိုက် ခရီးစဉ်များရှာပါ