ထိုင်း
ထိုင်းနိုင်ငံအား ရုံးသုံးအမည်အားဖြင့် ကင်းဒမ်းအော့ဖ် ထိုင်းလန်း သို့မဟုတ် ထိုင်းဘုရင့်နိုင်ငံတော် ဟု ခေါ်ကြပြီး ယခင်က ဆိုင်းယမ်း ဟု ခေါ်ဆိုခဲ့ကြသည်။ အင်ဒိုချိုင်းနားကျွန်းဆွယ် အလယ်ပိုင်း အရှေ့တောင်အာရှ ကုန်းမကြီးတွင် တည်ရှိသည်။ မြောက်ဘက်တွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ ၊ အရှေ့ဘက်တွင် လာအိုနိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ တောင်ဘက်တွင် ထိုင်းပင်လယ်ကွေ့ နှင့် မလေးရှားနိုင်ငံ၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ် နှင့် တောင်ဘက်စွန်းတွင် မြန်မာနိုင်ငံ တို့ တည်ရှိသည်။ ပင်လယ်ရေပိုင်နက် အနေနှင့် အရှေ့တောင်ဘက် ထိုင်းပင်လယ်ကွေ့တွင် ဗီယက်နမ်နိုင်ငံနှင့် လည်းကောင်း၊ အနောက်တောင်ဘက် ကပ္ပလီပင်လယ်တွင် အင်ဒိုနီးရှားနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့နှင့် လည်းကောင်း ထိစပ်လျှက် ရှိသည်။
Ask
USD/ paxဖူးခက်လေဆိပ်သို့ ရောက်ရှိပါက ဒေသခံ ဧည့်လမ်းညွှန်မှ နွေးထွေးစွာ လာရောက်ကြိုဆိုကာ သာယာလှပသော Phuket View Point နှင့် Big Buddha သို့ပို့ဆောင်ပေးပါမည်။ ညစာကို Local Restaurant တွင်တည်ခင်းဧည့်ခံပြီးနောက် အိပ်စက်အနားယူရန်အတွက် Hotel သို့ ပို့ဆောင်ပေးပါမည်။ ထို့နောက်အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။
Ask
USD/ paxရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ချင်းမိုင်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိသည်နှင့် ချင်းမိုင်ရှိ ဧည့်လမ်းညွှန်ဂိုက်မှ နွေးထွေး ပျူငှာစွာလာရောက်ကြိုဆိုပါမည်။ ထို့နောက် ဟိုတယ်တွင် Check-in ပြုလုပ်၍ Thai Food Restaurant တွင် ညစာကိုသွားရောက်သုံး ဆောင် ပါမည်။ ညစာသုံးဆောင်ပြီးနောက် တောတွင်းတိရိစ္ဆာန်များ၏ ဘဘာဝအတိုင်းနေထိုင်ပြုမူ ကျက်စားပုံများကို လေ့လာနိုင်ရန် Night Safari သို့လည်ပတ်ပါမည်။ Night Safari အတွင်း Tram Ride စီးနင်း၍ Night Predators, Creatures of the Night Show, Musical Fountain Show အစရှိသည်တို့ကိုလေ့လာကြည့်ရှုပြီးနောက် Hotel သို့ ပြန်၍အေးချမ်းစွာအိပ်စက်အနားယူပါမည်။
Ask
USD/ paxရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘန်ကောက်မြို ့သို ့ရောက်ရှိသည်နှင့် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုကာ ပတ္တရားကမ်းခြေသို့ စတင်ထွက်ခွာလာပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Frost Magical Ice of Siam သို့သွားရောက်လည်ပတ်ပါမည်။ထိုမှတဆင့် ထိုင်းနိုင်ငံ၏အကြီးဆုံးပန်းဥယျာဉ်ဖြစ်သော သာယာလှပသော Nong Nooch ပန်းဥယျာဉ် သို့သွားရောက်ကာ ထိုင်းရိုးရာယဉ်ကျေးမှု အကနှင့် ဆင်လိမ္မာပြပွဲများ ကြည့်ရှုပါမည်။ ထို့နောက် ထိုင်းဘုရင်မင်းမြတ်၏ နန်းစံသက်နှစ်၆၀ ပြည့်အထိမ်းအမှတ်တည်ထားသော ကမ္ဘာ့အကြီးဆုံး Laser Buddha သို့သွားရောက်ဖူးမြှော် ပါမည်။
Ask
USD/ paxရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘန်ကောက်မြို ့သို ့ရောက်ရှိသည်နှင့် ဧည့်လမ်းညွှန်မှနွေးထွေးပျူငှာစွာလာရောက်ကြိုဆိုပါမည်။ ထို့နောက် Madame Tuessuds ဖယောင်းပြတိုက်သို့ သွားရောက်လေ့လာကြပါမည်။ထို့နောက်အဝတ်အထည် ဖန်စီဒီဇိုင်းမျိုးစုံနှင့် နာမည်ကျော် Branded ပစ္စည်းမျိုးစုံကိုစုံလင်စွာ ၀ယ်ယူရရှိနိုင်သော MBK နှင့် Tokyu Shopping Mall တို့တွင် လွတ်လပ်စွာ စျေးဝယ်ထွက်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Hotel တွင် Check in ၀င်ပါမည်။ ခေတ္တအနားယူပြီးနောက် ညနေပိုင်း တွင် ကျောက်ဖယားမြစ်၏ အလှကိုကြည့်ရှုခံစားရင်း အပျော်စီးသင်္ဘောစီးနင်းကာ ဘူဖေးညစာသုံးဆောင်ပါမည်။
Ask
USD/ paxရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘန်ကောက်မြို့သို့ ရောက်ရှိသည်နှင့် ဧည့်လမ်းညွှန်မှနွေးထွေးပျူငှာစွာလာရောက်ကြိုဆိုပါမည်။ ထို့နောက် Madame Tuessuds ဖယောင်းပြတိုက်သို့ သွားရောက်လေ့လာကြပါမည်။ထို့နောက်အဝတ်အထည် ဖန်စီဒီဇိုင်းမျိုးစုံနှင့် နာမည်ကျော် Branded ပစ္စည်းမျိုးစုံကိုစုံလင်စွာ ၀ယ်ယူရရှိနိုင်သော MBK နှင့် Tokyu Shopping Mall တို့တွင် လွတ်လပ်စွာ စျေးဝယ်ထွက်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Hotel တွင် Check in ၀င်ပါမည်။ ခေတ္တအနားယူပြီးနောက် ညနေပိုင်း တွင် ကျောက်ဖယားမြစ်၏ အလှကိုကြည့်ရှုခံစားရင်း အပျော်စီးသင်္ဘောစီးနင်းကာ ဘူဖေးညစာသုံးဆောင်ပါမည်။