ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘန်ကောက်မြို ့သို ့ရောက်ရှိသည်နှင့် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုကာ ပတ္တရားကမ်းခြေသို့ စတင်ထွက်ခွာလာပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Frost Magical Ice of Siam သို့သွားရောက်လည်ပတ်ပါမည်။ထိုမှတဆင့် ထိုင်းနိုင်ငံ၏အကြီးဆုံးပန်းဥယျာဉ်ဖြစ်သော သာယာလှပသော Nong Nooch ပန်းဥယျာဉ် သို့သွားရောက်ကာ ထိုင်းရိုးရာယဉ်ကျေးမှု အကနှင့် ဆင်လိမ္မာပြပွဲများ ကြည့်ရှုပါမည်။ ထို့နောက် ထိုင်းဘုရင်မင်းမြတ်၏ နန်းစံသက်နှစ်၆၀ ပြည့်အထိမ်းအမှတ်တည်ထားသော ကမ္ဘာ့အကြီးဆုံး Laser Buddha သို့သွားရောက်ဖူးမြှော် ပါမည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘန်ကောက်မြို ့သို ့ရောက်ရှိသည်နှင့် ဧည့်လမ်းညွှန်မှနွေးထွေးပျူငှာစွာလာရောက်ကြိုဆိုပါမည်။ ထို့နောက် Madame Tuessuds ဖယောင်းပြတိုက်သို့ သွားရောက်လေ့လာကြပါမည်။ထို့နောက်အဝတ်အထည် ဖန်စီဒီဇိုင်းမျိုးစုံနှင့် နာမည်ကျော် Branded ပစ္စည်းမျိုးစုံကိုစုံလင်စွာ ၀ယ်ယူရရှိနိုင်သော MBK နှင့် Tokyu Shopping Mall တို့တွင် လွတ်လပ်စွာ စျေးဝယ်ထွက်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Hotel တွင် Check in ၀င်ပါမည်။ ခေတ္တအနားယူပြီးနောက် ညနေပိုင်း တွင် ကျောက်ဖယားမြစ်၏ အလှကိုကြည့်ရှုခံစားရင်း အပျော်စီးသင်္ဘောစီးနင်းကာ ဘူဖေးညစာသုံးဆောင်ပါမည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Emirate လေကြောင်းလိုင်းလေယာဉ်အမှတ် EK-389 ဖြင့် နံနက် 2:10 တွင်စတင်ထွက်ခွာလာရာ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် 5:55AM တွင်ရောက်ရှိပါမည်။ ဒေသခံဧည့်လမ်းညွှန်မှနွေးထွေးပျူငှာစွာ လာရောက်ကြိုဆိုပြီးနောက် နံနက်စာဖြင့်တည်ခင်းဧည့်ခံပါမည်။ ပထမဦးစွာ ဒူဘိုင်းမြို့၏သမိုင်းကြောင်းနှင့် မြို့သူမြို့သားတို့၏ ရှေးယခင်နေထိုင်မှုပုံစံများ ထင်ဟပ်ပြသထားသော Dubai Museum သို့ သွားရောက်လေ့လာကြပါမည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Siem Reap သို့ရောက်ရှိသည်နှင့်ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပါမည်။ ထို့နောက် Hotel တွင် check in ၀င်ပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် Hotel အနီးရှိ pub street တွင်လွတ်လပ်စွာ စျေးဝယ် ထွက်နိုင်ပါသည်။ ထို့နောက် ဟိုတယ်သို့ ပြန်လာ၍အေးချမ်းစွာအိပ်စက်အနားယူပါမည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံသို့ လေယာဉ်ဖြင့် စတင်ထွက်ခွာရာ Tan Son Nhat အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက်ရှိသည်နှင့် ကုမ္ပဏီဧည့်လမ်းညွှန် မှ နွေးထွေးပျူငှာစွာ ဖြင့်လာရောက်ကြိုဆိုပါမည်။ထို့နောက် UNESCO အသိအမှတ်ပြု Notre Dame Cathedral ဘုရားရှိခိုးကျောင်း နှင့် ပြင်သစ် လူမျိုးများ၏ ဗိသုကာလက်ရာများဖြင့် နာမည်ကျော်ကြားသော The Old Post Office သို့ သွားရောက်ကြပါမည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မနက် (၈:၃၀) တွင် စတင်ထွက်ခွာ၍ Denpasar အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၂၂:၀၀) တွင် ရောက်ရှိပါမည်။ Denpasar အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်သည်နှင့် ဧည့်လမ်းညွှန်မှ နွေးထွေးပျူငှာစွာ လာရောက်ကြိုဆိုပြီး ဟိုတယ်သို ့ လိုက်ပါပို့ဆောင်ပေးပါမည်။ ဟိုတယ်တွင် Check –in ပြုလုပ်ပြီးနောက် လွတ်လပ်စွာ အပန်းဖြေအနားယူအိပ်စက်ပါမည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာ၍ Denpasar အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်သည်နှင့် ဧည့်လမ်းညွှန်မှ နွေးထွေးပျူငှာစွာ လာရောက်ကြိုဆိုပြီး ဟိုတယ်သို ့ လိုက်ပါပို့ဆောင်ပေးပါမည်။ ဟိုတယ်တွင် Check –in ပြုလုပ်ပြီးနောက် လွတ်လပ်စွာ အပန်းဖြေအနားယူအိပ်စက်ပါမည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Denpasar အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်သည်နှင့် ဧည့်လမ်းညွှန်မှနွေးထွေးပျူငှာစွာ လာရောက်ကြိုဆို၍ ညစာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ ထို့နောက် ဟိုတယ်တွင် Check-out ပြုလုပ်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။


ဖေ့ဘုတ်မှ နောက်ဆုံးရရှိသော ရုပ်ပုံများ


Odyssey Travels & Tours

Email
[email protected], [email protected]
Phone
(+95 9) 269869090, (+95 9) 269869091
Fax
(+95 1) 246337
Address
No.3/ A, Bogyoke Aung San Road, #14-00 Junction City Tower, Pabedan Township, 11141, Yangon, Myanmar
Website
www.odysseymyanmar.com

ပင်မ မာတိကာ

အချိန်ကာလ အလိုက် ခရီးစဉ်များရှာပါ

အမျိုးအစား အလိုက် ခရီးစဉ်များရှာပါ