Day 1: Arrival – Dubai (B/L/D) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Emirate လေကြောင်းလိုင်းလေယာဉ်အမှတ် EK-389 ဖြင့် နံနက် 2:10 တွင်စတင်ထွက်ခွာလာရာ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် 5:55AM တွင်ရောက်ရှိပါမည်။ ဒေသခံဧည့်လမ်းညွှန်မှနွေးထွေးပျူငှာစွာ လာရောက်ကြိုဆိုပြီးနောက် နံနက်စာဖြင့်တည်ခင်းဧည့်ခံပါမည်။ ပထမဦးစွာ ဒူဘိုင်းမြို့၏သမိုင်းကြောင်းနှင့် မြို့သူမြို့သားတို့၏ ရှေးယခင်နေထိုင်မှုပုံစံများ ထင်ဟပ်ပြသထားသော Dubai Museum သို့ သွားရောက်လေ့လာကြပါမည်။ ထို့နောက် Abra Ride (water taxi) ခေါ် လှေငယ်ကလေး များ စီးကြပြီး ရွှေထည်ပစ္စည်းများဒီဇိုင်းမျိုး စုံရောင်းချသော Gold Market နှင့် ဟင်းခတ်အမွှေးအကြိုင်များ ရောင်းချသော Spice Market သို့ ပို့ဆောင်ပေးပါမည်။ နေ့လည်စာကို local restaurant တွင်သုံးဆောင်ပြီးနောက် Dubai […]

ဒူဘိုင်း – အဘူဒါဘီ

Starting from USD / pax



13 Comments | 0 Likes & Shares | 13 Viewed

ခရီးစဉ် အကျဉ်းချုပ်


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Emirate လေကြောင်းလိုင်းလေယာဉ်အမှတ် EK-389 ဖြင့် နံနက် 2:10 တွင်စတင်ထွက်ခွာလာရာ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် 5:55AM တွင်ရောက်ရှိပါမည်။ ဒေသခံဧည့်လမ်းညွှန်မှနွေးထွေးပျူငှာစွာ လာရောက်ကြိုဆိုပြီးနောက် နံနက်စာဖြင့်တည်ခင်းဧည့်ခံပါမည်။ ပထမဦးစွာ ဒူဘိုင်းမြို့၏သမိုင်းကြောင်းနှင့် မြို့သူမြို့သားတို့၏ ရှေးယခင်နေထိုင်မှုပုံစံများ ထင်ဟပ်ပြသထားသော Dubai Museum သို့ သွားရောက်လေ့လာကြပါမည်။


Day 1: Arrival – Dubai (B/L/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Emirate လေကြောင်းလိုင်းလေယာဉ်အမှတ် EK-389 ဖြင့် နံနက် 2:10 တွင်စတင်ထွက်ခွာလာရာ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် 5:55AM တွင်ရောက်ရှိပါမည်။ ဒေသခံဧည့်လမ်းညွှန်မှနွေးထွေးပျူငှာစွာ လာရောက်ကြိုဆိုပြီးနောက် နံနက်စာဖြင့်တည်ခင်းဧည့်ခံပါမည်။ ပထမဦးစွာ ဒူဘိုင်းမြို့၏သမိုင်းကြောင်းနှင့် မြို့သူမြို့သားတို့၏ ရှေးယခင်နေထိုင်မှုပုံစံများ ထင်ဟပ်ပြသထားသော Dubai Museum သို့ သွားရောက်လေ့လာကြပါမည်။ ထို့နောက် Abra Ride (water taxi) ခေါ် လှေငယ်ကလေး များ စီးကြပြီး ရွှေထည်ပစ္စည်းများဒီဇိုင်းမျိုး စုံရောင်းချသော Gold Market နှင့် ဟင်းခတ်အမွှေးအကြိုင်များ ရောင်းချသော Spice Market သို့ ပို့ဆောင်ပေးပါမည်။ နေ့လည်စာကို local restaurant တွင်သုံးဆောင်ပြီးနောက် Dubai Mall တွင် ရေပန်းရှိုးပွဲကြည့်ရှုပြီး စျေးဝယ်ထွက်ကြပါမည်။ ထို့နောက် ကမ္ဘာ့အမြင့်ဆုံးတာဝါဖြစ်သော Burj Khalifa Tower 124th ထပ်သို့ သွားရောက်ပြီး ဒူဘိုင်းမြို့၏ရှုခင်းအလှကို ကြည်ရှုခံစား ကြပါမည်။ ညစာကို local restaurant တွင်တည်ခင်းဧည့်ခံပြီးနောက် အိပ်စက် အနားယူနိုင်ရန် ဟိုတယ်သို့ပို့ဆောင်ပေးပါမည်။

Day 2: Dubai City Tour (B/L/D)

ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးနောက် Palm Island & Jumeirah Tour ကိုစတင်ပါမည်။ မိုးပျံရထား (Mono Rail) စီးကာ ထန်းလက်ပုံတည်ဆောက်ထားသော Palm Island နှင့် ကမ္ဘာ့အကောင်းဆုံးဇိမ်ခံဟိုတယ်များဖြစ်သော Atlantis the Palm Hotel နှင့် Burj Al Arab Hotel တိုု့ကိုကြည့်ရှုကာ ဓာတ်ပုံရိုက်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်ကာအပန်းဖြေအနားယူ ပါမည်။ ထို့နောက် ညနေပိုင်းတွင် Desert Safari Tour စတင်ပါမည်။ သဲကန္တာရထဲတွင် ရင်ခုန်စိတ်လှုပ်ရှားစွာ Jeep ကားစီးနင်း ကြပါမည်။ ညစာကို Belly dance နှင့် မီးအလှပြကွက်များကြည့်ရှုရင်း BBQ Dinner သုံးဆောင်ကြပါမည်။ ထို့နောက် ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူပါမည်။

Day 3: Dubai – Abu Dhabi City Tour (B/L/D)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Abu Dhabi City Tour ကိုစတင်ပါမည်။ ဒူဘိုင်းမှ အဘူဒါဘီသို့ ၁း၃၀ ခန့်ကားစီးနင်းကာ သွားရောက်ပါမည်။ ထို့နောက် အဘူဒါဘီရှိခမ်းနားလှပသော Sheikh Zayed Grand Mosque နှင့် ရိုးရားရွာလေးတစ်ခုဖြစ်သော Heritage Village သို့သွားရောက်လေ့လာကြပါမည်။ နေ့လည်စာကို Local Restaurant တွင်တည်ခင်းဧည့်ခံပြီးနောက် Presidential Palace & Emirates Palace အပြင်ဘက်တွင်ဓာတ်ပုံရိုက်ကြပါမည်။ ထို့နောက်လက်ဆောင်များဝယ်ယူနိုင်ရန် နှင့် အဘူဒါဘီဒေသထွက် စားစရာဖြစ်သော စွံပလွံသီးများရောင်းချရာ Dates Market သို့ပို့ဆောင် ပေးပါမည်။ထို့နောက် Hotel တွင် check in ၀င်ကာခေတ္တခဏ အနားယူပါမည်။ ညစာကို Local Restaurant တွင်တည်ခင်းဧည့်ခံပြီးနောက် ဟိုတယ်တွင်အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day 4: Abu Dhabi – Dubai City Tour (B/L/D)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် check out ပြုလုပ်ကာ Saadiyat Island သို့သွားရောက်ကြပါမည်။ ထို့နောက် ကမ္ဘာ့အမြန်ဆုံး Roller Coaster စီးကာ စိတ်လှုပ်ရှားဖွယ်ရာ ကစားနည်းများကစားနိုင်ရန် Ferrari World သို့ ပို့ဆောင်ပေးပါမည်။ နေ့လည်စာကို Ferrari World အတွင်း Meals Cupon ဖြင့်သုံးဆောင်ပါမည်။ ပျော်ရွှင်စွာဆော့ကစားပြီးနောက် YAS Mall တွင်စျေးဝယ် ထွက်ကြပါမည်။ ထို့နောက် Duabi သို့ပြန်လည် ထွက်ခွာလာပါမည်။ ညစာကို Local Restaurant တွင်တည်ခင်းဧည့်ခံပြီး နောက်ဟိုတယ်တွင်အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day 5: Departure(B)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် check out ပြုလုပ်ကာ Dubai International airport မှပြန်လည်ထွက်ခွာလာရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ ၅းဝဝ တွင်ပြန်လည်ရောက်ရှိပါမည်။


ပါ၀င်သော မပါ၀င်သော ၀န်ဆောင်မှု

ခရီးစဉ်တွင် ပါ၀င်သော ၀န်ဆောင်မှုမျာ
  1. ခရီးစဉ်တစ်လျှောက် Air Con လေအိပ်ကားဖြင့် အကြိုအပို ့
  2. ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်းနံနက်စာ၊နေ ့လည်စာ နှင့် ညစာကိုကျွေးမွေးဧည့်ခံပါမည်။
  3. တစ်ရက်လျှင် ရေသန့်၂ဗူး
  4. ခရီးစဉ်တွင် ပါ၀င်သော လည်ပတ်သည့်နေရာများ၏ ၀င်ကြေးများ
  5. ကြယ်သုံးပွင် ့ဟိုတယ်တွင် တည်းခိုစရိတ်
  6. English Speaking Tour Guide
  7. Dubai Visa
ခရီးစဉ်တွင် မပါ၀င်သော ၀န်ဆောင်မှုများ
  1. ခရီးစဉ်တွင်ဖေါ်ပြမထားသောလည်ပတ်မှုများ၊ သွားလာစရိတ်များ
  2. လေယာဉ်ဝန်ပိုသယ်ဆောင်စရိတ်(Overweight Charges)
  3. ရေသန် ့၊အချိုရည် နှင် ့ အဖျော်ယမကာများ
  4. မိမိကိုယ်ပိုင်ပစ္စည်းသယ်ဆောင်ခများ(Poter Charges)များ
  5. အဝတ်လျှော်ခများ(Laundry Service),ကိုယ်ပိုင်အသုံးစရိတ်များ(Personal uses)
  6. International flight Ticket

ငွေပေးချေမှုရမည့်စည်းမျဉ်းစည်းကမ်းများ


ဘွတ်ကင် အခြေအနေများ

မကြာမှီလာမည်


စျေးနှုန်း : $

စိတ်၀င်စားဖွယ် နေရာများ

ဓါတ်ပုံပြခန်း

ဒူဘိုင်း – အဘူဒါဘီ



Starting from USD / pax

When it comes to a holiday trip in Myanmar, it is never too early to start planning.

Tours Information

Starting date of tour

Finishing date of tour

No of Travelers

Personal Details

Gender

Contact Name

Nationality

Country

Contact Email

Flight Number


ဖေ့ဘုတ်မှ နောက်ဆုံးရရှိသော ရုပ်ပုံများ


Odyssey Travels & Tours

Email
[email protected], [email protected]
Phone
(+95 9) 269869090, (+95 9) 269869091
Fax
(+95 1) 246337
Address
No.3/ A, Bogyoke Aung San Road, #14-00 Junction City Tower, Pabedan Township, 11141, Yangon, Myanmar
Website
www.odysseymyanmar.com

ပင်မ မာတိကာ

အချိန်ကာလ အလိုက် ခရီးစဉ်များရှာပါ

အမျိုးအစား အလိုက် ခရီးစဉ်များရှာပါ