Day 1: Arrival Bangkok ( Lunch, Dinner ) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘန်ကောက်မြို ့သို ့ရောက်ရှိသည်နှင့် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုကာ ပတ္တရားကမ်းခြေသို့ စတင်ထွက်ခွာလာပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Frost Magical Ice of Siam သို့သွားရောက်လည်ပတ်ပါမည်။ထိုမှတဆင့် ထိုင်းနိုင်ငံ၏အကြီးဆုံးပန်းဥယျာဉ်ဖြစ်သော သာယာလှပသော Nong Nooch ပန်းဥယျာဉ် သို့သွားရောက်ကာ ထိုင်းရိုးရာယဉ်ကျေးမှု အကနှင့် ဆင်လိမ္မာပြပွဲများ ကြည့်ရှုပါမည်။ ထို့နောက် ထိုင်းဘုရင်မင်းမြတ်၏ နန်းစံသက်နှစ်၆၀ ပြည့်အထိမ်းအမှတ်တည်ထားသော ကမ္ဘာ့အကြီးဆုံး Laser Buddha သို့သွားရောက်ဖူးမြှော် ပါမည်။ ညစာသုံးဆောင်ပြီးနောက် ပတ္တရားကမ်းခြေ၏ နာမည်ကျော် Lady Boy Show ခေါ် Alcaza Show ကိုကြည့်ရှုပါမည်။ ထို့နောက် ပတ္တရားရှိဟိုတယ်တွင်အေးချမ်းစွာအိပ်စက် အနားယူပါမည်။ […]

ဘန်ကောက် – ပတ္တရား

Starting from USD / pax

- - -

30 Comments | 0 Likes & Shares | 30 Viewed

ခရီးစဉ် အကျဉ်းချုပ်


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘန်ကောက်မြို ့သို ့ရောက်ရှိသည်နှင့် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုကာ ပတ္တရားကမ်းခြေသို့ စတင်ထွက်ခွာလာပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Frost Magical Ice of Siam သို့သွားရောက်လည်ပတ်ပါမည်။ထိုမှတဆင့် ထိုင်းနိုင်ငံ၏အကြီးဆုံးပန်းဥယျာဉ်ဖြစ်သော သာယာလှပသော Nong Nooch ပန်းဥယျာဉ် သို့သွားရောက်ကာ ထိုင်းရိုးရာယဉ်ကျေးမှု အကနှင့် ဆင်လိမ္မာပြပွဲများ ကြည့်ရှုပါမည်။ ထို့နောက် ထိုင်းဘုရင်မင်းမြတ်၏ နန်းစံသက်နှစ်၆၀ ပြည့်အထိမ်းအမှတ်တည်ထားသော ကမ္ဘာ့အကြီးဆုံး Laser Buddha သို့သွားရောက်ဖူးမြှော် ပါမည်။


Day 1: Arrival Bangkok ( Lunch, Dinner )

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘန်ကောက်မြို ့သို ့ရောက်ရှိသည်နှင့် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုကာ ပတ္တရားကမ်းခြေသို့ စတင်ထွက်ခွာလာပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Frost Magical Ice of Siam သို့သွားရောက်လည်ပတ်ပါမည်။ထိုမှတဆင့် ထိုင်းနိုင်ငံ၏အကြီးဆုံးပန်းဥယျာဉ်ဖြစ်သော သာယာလှပသော Nong Nooch ပန်းဥယျာဉ် သို့သွားရောက်ကာ ထိုင်းရိုးရာယဉ်ကျေးမှု အကနှင့် ဆင်လိမ္မာပြပွဲများ ကြည့်ရှုပါမည်။ ထို့နောက် ထိုင်းဘုရင်မင်းမြတ်၏ နန်းစံသက်နှစ်၆၀ ပြည့်အထိမ်းအမှတ်တည်ထားသော ကမ္ဘာ့အကြီးဆုံး Laser Buddha သို့သွားရောက်ဖူးမြှော် ပါမည်။ ညစာသုံးဆောင်ပြီးနောက် ပတ္တရားကမ်းခြေ၏ နာမည်ကျော် Lady Boy Show ခေါ် Alcaza Show ကိုကြည့်ရှုပါမည်။ ထို့နောက် ပတ္တရားရှိဟိုတယ်တွင်အေးချမ်းစွာအိပ်စက် အနားယူပါမည်။

Day 2: Pattaya – Bangkok (Breakfast, Lunch, Dinner)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Coral Island သို ့ Speed boat ဖြင့်သွားရောက်ပါမည်။ Coral Island တွင် ရေပေါ်ရေအောက် ကစားနည်းများကို ဆော့ကစားရင်းအပန်းဖြေပါမည်။ Banana Boat ကိုပျော်ရွှင်စွာစီးနင်းကြပါမည်။ နေ့လည်စာကို Coral Island ပေါ်ရှိ local restaurant တွင်သုံးဆောင်ပါမည်။ထို့နောက် ပတ္တရားကမ်းခြေသို့ပြန်လာပြီးဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာ လာပါမည်။ ဘန်ကောက်မြို့သို့ ရောက်ရှိပြီးနောက် 3Dရုပ်လုံးကြွပန်းချီကားများရှိရာ Art in Paradise သို့သွားရောက်လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day 3: Bangkok Sightseeing (Breakfast, Lunch, Dinner)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ထိုင်းဘုရင့်နန်းတော်နှင့် ထိုင်းလူမျိုးတို့၏အထွတ်အမြတ်ထားရာ မြဘုရားသို့သွားရောက် ဖူးမြှော်ပါမည်။ ထို့နောက် နာမည်ကျော်တို့၏ ပုံစံတူဖယောင်းရုပ်ထုများရှိရာ Madame Tussauds ဖယောင်းပြတိုက် သို့သွားရောက် ပါမည်။ ထိုမှတဆင့် ရေအောက်ငါးပြတိုက် Siam Ocean World သို့သွားရောက်လည်ပတ်ပါမည်။နေ့လည်စာသုံးဆောင်ပြီးနောက် အဝတ်အထည် အသုံးအဆောင်နှင့် ဖန်စီပစ္စည်းများကို ၀ယ်ယူနိုင်ရန် MBK Shopping Mall သို့ပို့ဆောင်ပေးပါမည်။ လွတ်လပ်စွာစျေးဝယ်ထွက်ပြီးနောက် ညစာကို ဘန်ကောက်မြို့၏ အလှကိုကြည့်ရှုရင်း ကျောက်ဖယားမြစ် အတွင်း Cruise စီးနင်းကာ ဘူဖေးဖြင့်သုံးဆောင်စေပါမည်။ ထို့နောက် Hotel တွင်အေးချမ်းစွာအိပ်စက်အနားယူပါမည်။

Day 4: Dream World – Shopping ( Breakfast, Lunch, Dinner )

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ထိုင်းနိုင်ငံ၏နာမည်ကျော် Themes Park တစ်ခုဖြစ်သော Dream World သို့သွားရောက် လည်ပတ်ပါမည်။ Hurricane, Tornado, Sky Coaster စသည့်ကစားနည်းများအား စိတ်ကြိုက်ဆော့ကစား ပါမည်။နေ့လည်စာကို Dream World အတွင်းတွင် ဘူဖေးဖြင့်သုံးဆောင်ပါမည်။ စိတ်လှုပ်ရှားဖွယ်ကောင်းသော ကစားနည်းများကို ဆော့ကစားပြီးနောက် အဝတ်အထည်နှင့် ဖန်စီဒီဇိုင်းဆန်းများကိုလက်လီ လက္ကားဝယ်ယူရရှိနိုင်သောနာမည်ကျော် Platinum Shopping Mall သို့ သွားရောက်ကာ လွတ်လပ်စွာစျေးဝယ်ထွက်ကြပါမည်။ ညစာကို ဘန်ကောက်မြို့၏ အမြင့်ဆုံး Tower ဖြစ်သော Baiyoke Sky Tower တွင် ဘန်ကောက်မြို့ကြီးအား အပေါ်စီးမှကြည့်ရှုရင်း ဘူဖေး Dinner ဖြင့်သုံးဆောင်ပါမည်။ ထို့နောက်ဟိုတယ်သို့ ပြန်ကာ အေးချမ်းစွာအိပ်စက်အနားယူစေပါမည်။

Day 5: Safari World – Departure ( Breakfast, Lunch)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check – out ပြုလုပ်ကာ ဘန်ကောက်၏နာမည်ကြီး တိရိစ္ဆာန်ဥယျာဉ် တစ်ခုဖြစ်သော Safari World သို့ သွားရောက် လည်ပတ်ပါမည်။ သဘာဝအတိုင်းတည်ရှိနေသော တောတွင်းတိရိစ္ဆာန်များ၏ နေထိုင်ပြုမူပုံများကို ကားဖြင့် လှည့်လည် ကြည့်ရှုပါမည်။ ထို့နောက် Marine Park အတွင်းရှိ Monkey Boxing show, Sea Lion show , Dolphin show စသည် တို့ကိုကြည့်ရှုပါမည်။ နေ့လည်စာကို Safari World အတွင်းတွင် ဘူဖေးဖြင့်သုံးဆောင်စေပါမည်။ထို့နောက် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာရန် လေဆိပ်သို့ပို့ဆောင်ပေးပါမည်။

HOTEL USED:

  • Hotel in Pattaya – Miracle Suites or similar Hotel 4****
  • Hotel in Bangkok – Baiyoke Suite or similar Hotel 3***

 


ပါ၀င်သော မပါ၀င်သော ၀န်ဆောင်မှု

ခရီးစဉ်တွင် ပါ၀င်သော ၀န်ဆောင်မှုများ
  1. ခရီးစဉ်တစ်လျှောက် Air Con လေအိပ်ကားဖြင့် အကြိုအပို ့
  2. ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်း နံနက်စာ၊နေ ့လည်စာ နှင့် ညစာကို ကျွေးမွေးဧည့်ခံပါမည်။
  3. တစ်ရက်လျှင် ရေသန့်တဗူး
  4. ခရီးစဉ်တွင် ပါ၀င်သော လည်ပတ်သည့်နေရာများ၏ ၀င်ကြေးများ
  5. ကြယ်သုံးပွင့် အဆင့်ရှိဟိုတယ်တွင် တည်းခိုစရိတ် (Twin/ Double/ Triple Sharing room)
  6. Dream World အတွင်းရှိကစားနည်းများအားစိတ်ကြိုက်ဆော့ကစားနိုင်ရန် Ticket
  7. ဒေသခံ English Speaking Tour Guide
ခရီးစဉ်တွင် မပါ၀င်သော ၀န်ဆောင်မှုများ
  1. ခရီးစဉ်တွင်ဖေါ်ပြမထားသောလည်ပတ်မှုများ၊ သွားလာစရိတ်များ
  2. လေယာဉ်ဝန်ပိုသယ်ဆောင်စရိတ် (Overweight Charges)
  3. စားသောက်ဆိုင်များတွင်အပိုသုံးဆောင်သည့် အချိုရည် နှင် ့ အဖျော်ယမကာများ
  4. မိမိကိုယ်ပိုင်ပစ္စည်း သယ်ဆောင်ခများ (Poter Charges) များ
  5. အဝတ်လျှော်ခများ (Laundry Service),ကိုယ်ပိုင်အသုံးစရိတ်များ (Personal uses)
  6. International Flight Ticket
  7. Tips for guide (USD 3/per pax/per day)
  

ငွေပေးချေမှုရမည့်စည်းမျဉ်းစည်းကမ်းများ


ဘွတ်ကင် အခြေအနေများ

မကြာမှီလာမည်


စျေးနှုန်း : $

ဓါတ်ပုံပြခန်း

ဘန်ကောက် – ပတ္တရား



Starting from USD / pax

When it comes to a holiday trip in Myanmar, it is never too early to start planning.

Tours Information

Starting date of tour

Finishing date of tour

No of Travelers

Personal Details

Gender

Contact Name

Nationality

Country

Contact Email

Flight Number


ဖေ့ဘုတ်မှ နောက်ဆုံးရရှိသော ရုပ်ပုံများ


Odyssey Travels & Tours

Email
[email protected], [email protected]mail.com
Phone
(+95 9) 269869090, (+95 9) 269869091
Fax
(+95 1) 246337
Address
No.3/ A, Bogyoke Aung San Road, #14-00 Junction City Tower, Pabedan Township, 11141, Yangon, Myanmar
Website
www.odysseymyanmar.com

ပင်မ မာတိကာ

အချိန်ကာလ အလိုက် ခရီးစဉ်များရှာပါ

အမျိုးအစား အလိုက် ခရီးစဉ်များရှာပါ