Day 1: Yangon-Bali (D) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Denpasar အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်သည်နှင့် ဧည့်လမ်းညွှန်မှနွေးထွေးပျူငှာစွာ လာရောက်ကြိုဆို၍ ညစာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ ထို့နောက် ဟိုတယ်တွင် Check-out ပြုလုပ်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ Day 2: Mount Batur Trekking (B/L at Kintamani Volcano/D) နံနက်(၂)နာရီ အချိန်ခန့်မှစ၍ Trekking ခရီးစဉ်ကိုစတင်ပါမည်။ ဟိုတယ်တွင် ဧည့်လမ်းညွှန်မှ လာရောက်ခေါ်၍ Mount Batur သို့ ထွက်ခွာကြပါမည်။ ထို့နောက် Mount Batur တောင်ပေါ်သို့ တက်ရောက်ကြပါမည်။ Trekking အပြီး နေ့လည်စာကို Kintamani Volcano နှင့် လှပသော Batur Lake တို့ကိုကြည့်ရှုရင်း သုံးဆောင်ပါမည်။ […]

အင်ဒိုနီးရှား – ဘာလီကျွန်း (၂)

Starting from USD / pax



22 Comments | 0 Likes & Shares | 22 Viewed

ခရီးစဉ် အကျဉ်းချုပ်


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Denpasar အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်သည်နှင့် ဧည့်လမ်းညွှန်မှနွေးထွေးပျူငှာစွာ လာရောက်ကြိုဆို၍ ညစာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ ထို့နောက် ဟိုတယ်တွင် Check-out ပြုလုပ်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။


Day 1: Yangon-Bali (D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Denpasar အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်သည်နှင့် ဧည့်လမ်းညွှန်မှနွေးထွေးပျူငှာစွာ လာရောက်ကြိုဆို၍ ညစာကို Local Restaurant တွင်သုံးဆောင်ကြပါမည်။ ထို့နောက် ဟိုတယ်တွင် Check-out ပြုလုပ်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day 2: Mount Batur Trekking (B/L at Kintamani Volcano/D)

နံနက်(၂)နာရီ အချိန်ခန့်မှစ၍ Trekking ခရီးစဉ်ကိုစတင်ပါမည်။ ဟိုတယ်တွင် ဧည့်လမ်းညွှန်မှ လာရောက်ခေါ်၍ Mount Batur သို့ ထွက်ခွာကြပါမည်။ ထို့နောက် Mount Batur တောင်ပေါ်သို့ တက်ရောက်ကြပါမည်။ Trekking အပြီး နေ့လည်စာကို Kintamani Volcano နှင့် လှပသော Batur Lake တို့ကိုကြည့်ရှုရင်း သုံးဆောင်ပါမည်။ ထို့နောက် ကော်ဖီစိုက်ကွင်းတွင် ဂျင်းဆင်းကော်ဖီ၊ မင်းကွတ် သီးကော်ဖီ၊ လီမွန်ကော်ဖီ၊ ဂျင်းကော်ဖီ၊ Vanilla ကော်ဖီ အစရှိသည့် ကော်ဖီအမျိုးအစားများအပြင် Kopi ဟုခေါ်သော တောကြောင်တစ် မျိုး၏ မစင်ဖြင့်ပြုလုပ်ထားသည့် Luwak ကော်ဖီ ထုတ်လုပ်သည်ကိုသွားရောက်လေ့လာပါမည်။ ထို့နောက် ဘာလီလူမျိုးတို့ရေချိုး ၀တ်ပြု ဆုတောင်းရာ Tirta Empul Temple သို့သွားရောက်ကြပါမည်။ ညစာကို Local Restaurant တွင် ဧည့်ခံပြီးနောက် ဟိုတယ်သို့ပြန်လာ၍ အိပ်စက်အနားယူစေပါမည်။

Day 3: Ayung River Rafting – Tanah Lot Tour (B/L)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် River Rafting ပြုလုပ်နိုင်ရန်ကို Ayung River သို့ (၈:၀၀) တွင်စတင်ထွက်ခွာပြီး (၉:၄၅) တွင်ရောက်ရှိပါမည်။ ထို့နောက် River Rafting ပြုလုပ်နိုင်ရန် Group Check – in ပြုလုပ်ပြီး Life jacket, Helmet, Paddle စသည်တို့ အသုံးပြုပုံကို Guide မှသင်ကြားပေးပါမည်။ (၉:၄၅) ~ (၁၀:၀၀) ၀န်းကျင်တွင် Rafting စမှတ်သို့ သွားရောက်၍ စိတ်လှုပ်ရှားဖွယ် ကောင်းသော စွန့်စားမှုများနှင့် မြစ်ကြောင်းတစ်လျောက် လှေ ကိုကိုယ်တိုင်လှော်ခတ်ကာစီးကြပါမည်။ နေ့လည် (၁၂:၃၀) မှ (၁၃:၀၀) ၀န်းကျင်တွင် လှေလှော်ခတ်ခြင်းပြီးဆုံးပါမည်။ နေ့လည်စာကို Pacung လှေခါးထစ်စပါးစိုက်ကွင်း၏ အလှကိုကြည့်ရှုရင်း သုံးဆောင်ပြီး ပင်လယ်ကျောက်ဆောင်ကြီးပေါ်တွင် တည်ဆောက်ထားသော ဘာလီ၏ရေပေါ်ဘုရားကျောင်းတစ်ခုဖြစ်သည့် Tanah Lot Temple သို့ သွားရောက်လည်ပတ်ရင်း နေဝင်ဆည်းဆာအလှ ကို ကြည့်ရှုခံစားကြပါမည်။ ထို့နောက် Sky Garden Restaurant သို့ လိုက်ပါပို့ဆောင် ပေးပါမည်။

Day 4: Watersport & Sunset Tour (B/L/D)

 

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Watersport နှင့် Sunset Tour ကို နံနက် (၉) နာရီတွင်စတင်ထွက်ခွာပါမည်။ Tanjung Benoa Beach တွင် Jet Ski,Banana boat,Diving, Snorkeling အစရှိသည့်ရေပေါ်ရေအောက်ကစားနည်းများကိုပြုလုပ်ကြပါမည်။ ထိုမှ တဆင့် လိပ်များရှိရာလိပ်ကျွန်းသို့ ရေအောက်ရှိငါးများကိုလှေပေါ်မှမြင်နိုင်သော Glass Bottom Boat ဖြင့်သွားရောက်ကြပါမည်။ နေ့လည် စာ ကို Local Restaurant တွင်သုံးဆောင်ပြီးနောက် Pandawa Beach သို့ သွားရောက်ပါမည်။ ဆက်လက်၍ ပင်လယ်ဘက်သို့ တိုးထွက် နေသော ကျောက်ဆောင် အစွန်းပေါ်တွင်တည်ထားသော Uluwatu Temple ဘုရားကျောင်းသို့ သွားရောက် ကြည့်ရှုပြီးနောက် ဘာလီ ကျွန်းသို့ရောက်လျျှင် မကြည့်မဖြစ်ကြည့်ရှုသင့်သည့် နာမည်ကြီး အကဖြစ်သော Kecak Dance ကို ကြည့်ရှုပါမည်။ ညစာကို နာမည်ကြီး Jimbaran ကမ်းခြေရှိ သဲသောင်ပြင်ပေါ်တွင် Seafood Dinner ဖြင့် ဧည့်ခံကျွေးမွေးပြီးနောက် ဟိုတယ်သို့ ပြန်၍ အိ်ပ်စက်အနားယူပါမည်။

Day 5: Bali-Kuala Lumpur-Yangon (B)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Check–out ပြုလုပ်ပြီး ရန်ကုန်သို့ပြန်လည်ထွက်ခွာနိုင်ရန် Denpasar အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧည့်လမ်းညွှန်မှ လိုက်ပါပို့ဆောင်ပေးပါမည်။


ပါ၀င်သော မပါ၀င်သော ၀န်ဆောင်မှု

ခရီးစဉ်တွင် ပါ၀င်သော ၀န်ဆောင်မှုများ
  1. ခရီးစဉ်တစ်လျှောက်ကား Toyota Hi Ace ၁၃ ယောက်စီးကားဖြင့်အကြိုအပို ့
  2. နံနက်စာ၊ နေ့လည်စာနှင့်ညစာကိုခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်းကျွေးမွေးဧည့်ခံပါမည်။
  3. ခရီးစဉ်တွင်ပါ၀င်သောလည်ပတ်သည့်နေရာများ၏ဝင်ကြေးများ
  4. ဟိုတယ်တွင်တည်းခိုစရိတ်
  5. English Speaking Tour Guide
  6. Kecak dance
  7. သောက်ရေသန့်ဗူး
ခရီးစဉ်တွင် မပါ၀င်သော ၀န်ဆောင်မှုများ
  1. ခရီးစဉ်တွင်ဖေါ်ပြမထားသောလည်ပတ်မှုများ၊ သွားလာစားရိတ်များ
  2. လေယာဉ်ဝန်ပိုသယ်ဆောင်စားရိတ် (Extra Baggage Charges)
  3. ရေသန့်၊အချိုရည်နှင့်အဖျော်ယမကာများ
  4. မိမိကိုယ်ပိုင်ပစ္စည်းသယ်ဆောင်ခများ (Poter Charges) များ
  5. Water Sport Activities အတွက် အသုံးဆောင်စားရိတ်များ
  6. အဝတ်လျှော်ခများ (Laundry Service) နှင့် ကိုယ်ပိုင်အသုံးစားရိတ်များ (Personal expenses)
  7. Tips for guide (USD 3/per pax/per day)
  8. International Flight Ticket

ငွေပေးချေမှုရမည့်စည်းမျဉ်းစည်းကမ်းများ


ဘွတ်ကင် အခြေအနေများ

မကြာမှီလာမည်


စျေးနှုန်း : $

စိတ်၀င်စားဖွယ် နေရာများ

ဘာလီ

Bali is an Indonesian island known for its forested volcanic mountains, iconic rice paddies, beaches and coral reefs. The island is home to religious sites such as cliffside Uluwatu Temple. To the south, the beachside city of Kuta has lively bars, while Seminyak, Sanur and Nusa Dua are popular resort towns. The island is also known for its yoga and meditation retreats. ဆက်ဖတ်ရန်

ဓါတ်ပုံပြခန်း

အင်ဒိုနီးရှား – ဘာလီကျွန်း (၂)



Starting from USD / pax

When it comes to a holiday trip in Myanmar, it is never too early to start planning.

Tours Information

Starting date of tour

Finishing date of tour

No of Travelers

Personal Details

Gender

Contact Name

Nationality

Country

Contact Email

Flight Number


ဖေ့ဘုတ်မှ နောက်ဆုံးရရှိသော ရုပ်ပုံများ


Odyssey Travels & Tours

Email
[email protected], [email protected]
Phone
(+95 9) 269869090, (+95 9) 269869091
Fax
(+95 1) 246337
Address
No.3/ A, Bogyoke Aung San Road, #14-00 Junction City Tower, Pabedan Township, 11141, Yangon, Myanmar
Website
www.odysseymyanmar.com

ပင်မ မာတိကာ

အချိန်ကာလ အလိုက် ခရီးစဉ်များရှာပါ

အမျိုးအစား အလိုက် ခရီးစဉ်များရှာပါ