Day1:Yangon – Bali (No Meal) ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မနက် (၈:၃၀) တွင် စတင်ထွက်ခွာ၍ Denpasar အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၂၂:၀၀) တွင် ရောက်ရှိပါမည်။ Denpasar အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်သည်နှင့် ဧည့်လမ်းညွှန်မှ နွေးထွေးပျူငှာစွာ လာရောက်ကြိုဆိုပြီး ဟိုတယ်သို ့ လိုက်ပါပို့ဆောင်ပေးပါမည်။ ဟိုတယ်တွင် Check –in ပြုလုပ်ပြီးနောက် လွတ်လပ်စွာ အပန်းဖြေအနားယူအိပ်စက်ပါမည်။ Day 2: Kintamani Volcano Tour (B/L/D) ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Kitamani Volcano Tour ကို (၈:၃၀) တွင် စတင်ထွက်ခွာပါမည်။ ဘာလီကျွန်း၏ Cultural Show, Barong နှင့် Keris စသည့် နာမည်ကြီး […]

အင်ဒိုနီးရှား – ဘာလီကျွန်း(၄)

Starting from USD / pax



46 Comments | 0 Likes & Shares | 46 Viewed

ခရီးစဉ် အကျဉ်းချုပ်


ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မနက် (၈:၃၀) တွင် စတင်ထွက်ခွာ၍ Denpasar အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၂၂:၀၀) တွင် ရောက်ရှိပါမည်။ Denpasar အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်သည်နှင့် ဧည့်လမ်းညွှန်မှ နွေးထွေးပျူငှာစွာ လာရောက်ကြိုဆိုပြီး ဟိုတယ်သို ့ လိုက်ပါပို့ဆောင်ပေးပါမည်။ ဟိုတယ်တွင် Check –in ပြုလုပ်ပြီးနောက် လွတ်လပ်စွာ အပန်းဖြေအနားယူအိပ်စက်ပါမည်။


Day1:Yangon – Bali (No Meal)

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မနက် (၈:၃၀) တွင် စတင်ထွက်ခွာ၍ Denpasar အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၂၂:၀၀) တွင် ရောက်ရှိပါမည်။ Denpasar အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်သည်နှင့် ဧည့်လမ်းညွှန်မှ နွေးထွေးပျူငှာစွာ လာရောက်ကြိုဆိုပြီး ဟိုတယ်သို ့ လိုက်ပါပို့ဆောင်ပေးပါမည်။ ဟိုတယ်တွင် Check –in ပြုလုပ်ပြီးနောက် လွတ်လပ်စွာ အပန်းဖြေအနားယူအိပ်စက်ပါမည်။

Day 2: Kintamani Volcano Tour (B/L/D)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Kitamani Volcano Tour ကို (၈:၃၀) တွင် စတင်ထွက်ခွာပါမည်။ ဘာလီကျွန်း၏ Cultural Show, Barong နှင့် Keris စသည့် နာမည်ကြီး ထင်ရှားသော အကများ ကြည့်ရှုရန် Kesiman Village သို ့သွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ ဘာလီ ငွေထည်ပစ္စည်းများကိုဝယ်ယူနိုင်ရန် Celuk Village ရှိ ဘာလီရိုးရာငွေထည်ဆိုင်လေးသို့ လိုက်ပါပို့ဆောင်ပေးပါမည်။ နေ့လည်စာကို Kintamani တွင် Mt. Batur မီးတောင်အလှ နှင့် Lake Batur ရေကန်အလှတို့ကိုကြည့်ရှုရင်း သုံးဆောင်ကြပါမည်။ ထို့ နောက် Luwak ကော်ဖီပြုလုပ်ရာ Kayuamba ရွာသို့လိုက်ပါပို့ဆောင်ပေးပြီး ဘာလီသူဘာလီသားတို့ ရေချိုးဝတ်ပြုဆုတောင်းရာ Tirta Empul Temple သို့ သွားရောက်လေ့လာပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လာ၍ အေးချမ်းစွာ အိပ်စက်အနားယူစေပါမည်။

Day 3: Ayung River Rafting – Tanah Lot Tour (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် River Rafting ပြုလုပ်နိုင်ရန်ကို Ayung River သို့ (၈:၀၀) တွင်စတင်ထွက်ခွာပြီး (၉:၄၅) တွင်ရောက်ရှိပါမည်။ ထို့နောက် River Rafting ပြုလုပ်နိုင်ရန် Group Check – in ပြုလုပ်ပြီး Life jacket, Helmet, Paddle စသည်တို့ အသုံးပြုပုံကို Guide မှသင်ကြားပေးပါမည်။ (၉:၄၅) ~ (၁၀:၀၀) ၀န်းကျင်တွင် Rafting စမှတ်သို့ သွားရောက်၍ စိတ်လှုပ်ရှားဖွယ် ကောင်းသော စွန့်စားမှုများနှင့် မြစ်ကြောင်းတစ်လျောက် လှေ ကိုကိုယ်တိုင်လှော်ခတ်ကာစီးကြပါမည်။ နေ့လည် (၁၂:၃၀) မှ (၁၃:၀၀) ၀န်းကျင်တွင် လှေလှော်ခတ်ခြင်းပြီးဆုံးပါမည်။ ထို့နောက် နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပြီးနောက် ပင်လယ် ကျောက်ဆောင်ကြီးပေါ်တွင် တည်ဆောက်ထားသော ဘာလီ၏ရေပေါ်ဘုရားကျောင်းတစ်ခုဖြစ်သည့် Tanah Lot Temple သို့ သွားရောက်လည်ပတ်ရင်း နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားကြပါမည်။ ညစာကို Local restaurant တွင် ဧည့်ခံပြီးနောက် ဟိုတယ်သို့ပြန်လာ၍ အိပ်စက်အနားယူစေပါမည်။

Day 4: Watersport & Sunset Tour (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Watersport နှင့် Sunset Tour ကို နံနက် (၉) နာရီတွင်စတင်ထွက်ခွာပါမည်။ Tanjung Benoa Beach တွင် Jet Ski,Banana boat,Diving, Snorkeling အစရှိသည့်ရေပေါ်ရေအောက်ကစားနည်းများကိုပြုလုပ်ကြပါမည်။ ထိုမှ တဆင့် လိပ်များရှိရာလိပ်ကျွန်းသို့ ရေအောက်ရှိငါးများကိုလှေပေါ်မှမြင်နိုင်သော Glass Bottom Boat ဖြင့်သွားရောက်ကြပါမည်။ နေ့လည် စာ ကို Local Restaurant တွင်သုံးဆောင်ပြီးနောက် Pandawa Beach သို့ သွားရောက်ပါမည်။ ဆက်လက်၍ ပင်လယ်ဘက်သို့ တိုးထွက် နေသော ကျောက်ဆောင် အစွန်းပေါ်တွင်တည်ထားသော Uluwatu Temple ဘုရားကျောင်းသို့ သွားရောက် ကြည့်ရှုပြီးနောက် ဘာလီ ကျွန်းသို့ရောက်လျျှင် မကြည့်မဖြစ်ကြည့်ရှုသင့်သည့် နာမည်ကြီး အကဖြစ်သော Kecak Dance ကို ကြည့်ရှုပါမည်။ ညစာကို နာမည်ကြီး Jimbaran ကမ်းခြေရှိ သဲသောင်ပြင်ပေါ်တွင် Seafood Dinner ဖြင့် ဧည့်ခံကျွေးမွေးပြီးနောက် ဟိုတယ်သို့ ပြန်၍ အိ်ပ်စက်အနားယူပါမည်။

Day 5: Bali-Kuala Lumpur-Yangon (Breakfast Only)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Check-out ပြုလုပ်၍ Denpasar အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို ့ အဆင်ပြေချောမွေ့ စွာ ပြန်လည်ရောက်ရှိလာပါမည်။


ပါ၀င်သော မပါ၀င်သော ၀န်ဆောင်မှု

ခရီးစဉ်တွင် ပါ၀င်သော ၀န်ဆောင်မှုများ
  1. ခရီးစဉ်တစ်လျှောက်ကားအကြိုအပို ့
  2. နံနက်စာ၊နေ ့လည်စာ နှင့် ညစာကို ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်းကျွေးမွေးဧည့်ခံပါမည်။
  3. ခရီးစဉ်တွင် ပါ၀င်သော လည်ပတ်သည့်နေရာများ၏ ၀င်ကြေးများ
  4. ဟိုတယ်တွင် တည်းခိုစရိတ်
  5. Glass Bottom Boat စီးနင်းခြင်း
  6. White River Rafting
  7. English Speaking Driver Guide
ခရီးစဉ်တွင် မပါ၀င်သော ၀န်ဆောင်မှုများ
  1. ခရီးစဉ်တွင်ဖေါ်ပြမထားသောလည်ပတ်မှုများ၊ သွားလာစားရိတ်များ
  2. လေယာဉ်ဝန်ပိုသယ်ဆောင်စားရိတ် (Extra Baggage Charges)
  3. ရေသန် ့၊အချိုရည် နှင် ့ အဖျော်ယမကာများ
  4. မိမိကိုယ်ပိုင်ပစ္စည်း သယ်ဆောင်ခများ (Poter Charges) များ
  5. Tips for guide (USD 3/per pax/per day)
  6. Water Sport Activities အတွက် အသုံးဆောင်စားရိတ်များ နှင့် ကုန်ကျစရိတ်များ
  7. အဝတ်လျှော်ခများ (Laundry Service) နှင့် ကိုယ်ပိုင်အသုံးစားရိတ်များ (Personal expenses)
  8. International Flight Ticket

ငွေပေးချေမှုရမည့်စည်းမျဉ်းစည်းကမ်းများ


ဘွတ်ကင် အခြေအနေများ

မကြာမှီလာမည်


စျေးနှုန်း : $

စိတ်၀င်စားဖွယ် နေရာများ

ဘာလီ

Bali is an Indonesian island known for its forested volcanic mountains, iconic rice paddies, beaches and coral reefs. The island is home to religious sites such as cliffside Uluwatu Temple. To the south, the beachside city of Kuta has lively bars, while Seminyak, Sanur and Nusa Dua are popular resort towns. The island is also known for its yoga and meditation retreats. ဆက်ဖတ်ရန်

ဓါတ်ပုံပြခန်း

အင်ဒိုနီးရှား – ဘာလီကျွန်း(၄)



Starting from USD / pax

When it comes to a holiday trip in Myanmar, it is never too early to start planning.

Tours Information

Starting date of tour

Finishing date of tour

No of Travelers

Personal Details

Gender

Contact Name

Nationality

Country

Contact Email

Flight Number


ဖေ့ဘုတ်မှ နောက်ဆုံးရရှိသော ရုပ်ပုံများ


Odyssey Travels & Tours

Email
[email protected], [email protected]
Phone
(+95 9) 269869090, (+95 9) 269869091
Fax
(+95 1) 246337
Address
No.3/ A, Bogyoke Aung San Road, #14-00 Junction City Tower, Pabedan Township, 11141, Yangon, Myanmar
Website
www.odysseymyanmar.com

ပင်မ မာတိကာ

အချိန်ကာလ အလိုက် ခရီးစဉ်များရှာပါ

အမျိုးအစား အလိုက် ခရီးစဉ်များရှာပါ