Day 1: Arrival – Cambodia – Siem Reap (Dinner) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Siem Reap သို့ရောက်ရှိသည်နှင့်ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပါမည်။ ထို့နောက် Hotel တွင် check-in ၀င်ပြီးနောက်ကမ္ဘောဒီးယားရှိလူသားများပြုလုပ်တည်ဆောက်ထားသောအကြီးဆုံးရေကန်ဖြစ်သည့် West Baray Big Pond သို့ သွားရောက်၍ အလှဓာတ်ပုံများရိုက်ကူးကြပါမည်။ ထို့နောက် ညစာကို Apsara ခေါ် ခမာရိုးရာအကအလှများကြည့်ရှုရင်း သုံးဆောင်ကြပါ မည်။ ထို့နောက် ဟိုတယ်သို့ပြန်လာ၍အေးချမ်းစွာအိပ်စက်အနားယူပါမည်။ Day 2: Siem Reap – Angkor Wat Sightseeing (B/L/D) ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် မြန်မာနိုင်ငံ၏အသည်းနှလုံးဖြစ်သော ပုဂံမြို့နှင့် ညီအမအဖြစ် သတ်မှတ်ခံထားရသည့် ရှေး ဟောင်းအမွေအနှစ်စာရင်းဝင် အန်ကောဝပ်ဘုရားကျောင်းသို့သွားရောက်လည်ပတ်ကြပါမည်။ ရင်သပ်ရှုမောဖွယ် […]

Cambodia – Siem Reap

Starting from USD / pax



6 Comments | 0 Likes & Shares | 6 Viewed

ခရီးစဉ် အကျဉ်းချုပ်


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Siem Reap သို့ရောက်ရှိသည်နှင့်ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပါမည်။ ထို့နောက် Hotel တွင် check-in ၀င်ပြီးနောက်ကမ္ဘောဒီးယားရှိလူသားများပြုလုပ်တည်ဆောက်ထားသောအကြီးဆုံးရေကန်ဖြစ်သည့် West Baray Big Pond သို့ သွားရောက်၍ အလှဓာတ်ပုံများရိုက်ကူးကြပါမည်။ ထို့နောက် ညစာကို Apsara ခေါ် ခမာရိုးရာအကအလှများကြည့်ရှုရင်း သုံးဆောင်ကြပါ မည်။ ထို့နောက် ဟိုတယ်သို့ပြန်လာ၍အေးချမ်းစွာအိပ်စက်အနားယူပါမည်။


Day 1: Arrival – Cambodia – Siem Reap (Dinner)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Siem Reap သို့ရောက်ရှိသည်နှင့်ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပါမည်။ ထို့နောက် Hotel တွင် check-in ၀င်ပြီးနောက်ကမ္ဘောဒီးယားရှိလူသားများပြုလုပ်တည်ဆောက်ထားသောအကြီးဆုံးရေကန်ဖြစ်သည့် West Baray Big Pond သို့ သွားရောက်၍ အလှဓာတ်ပုံများရိုက်ကူးကြပါမည်။ ထို့နောက် ညစာကို Apsara ခေါ် ခမာရိုးရာအကအလှများကြည့်ရှုရင်း သုံးဆောင်ကြပါ မည်။ ထို့နောက် ဟိုတယ်သို့ပြန်လာ၍အေးချမ်းစွာအိပ်စက်အနားယူပါမည်။

Day 2: Siem Reap – Angkor Wat Sightseeing (B/L/D)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် မြန်မာနိုင်ငံ၏အသည်းနှလုံးဖြစ်သော ပုဂံမြို့နှင့် ညီအမအဖြစ် သတ်မှတ်ခံထားရသည့် ရှေး ဟောင်းအမွေအနှစ်စာရင်းဝင် အန်ကောဝပ်ဘုရားကျောင်းသို့သွားရောက်လည်ပတ်ကြပါမည်။ ရင်သပ်ရှုမောဖွယ် အဆောက်အဦးများ နှင့် ကမ္ဘာ့သမိုင်းဝင်ဘုရားကျောင်းတော်ကြီးကို နောက်ခံထားကာ အမှတ်တရဓာတ်ပုံများရိုက်ကူးရင်းသမိုင်းကြောင်းများကိုလေ့လာကြပါမည်။ ထို့နောက် The South Gate of Angkor Thom, Bayon Temple, Phimean Akas, The Royal Area, Terrace of Elephants နှင့် Leper King စသည့်နေရာများသို့သွားရောက်လည်ပတ်ကြပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပြီးနောက် နာမည်ကျော် ရုပ်ရှင်မင်းသမီး အင်ဂျနီနာဂျိုလီပါ၀င်သရုပ်ဆောင်ထားသော Tomb Raider ရုပ်ရှင်ရိုက်ကူးခဲ့ရာ Ta Prohm ဘုရားကျောင်း သို့ သွား ရောက်လည်ပတ်ပါမည်။ ထိုမှတဆင့် နေဝင်ဆည်းဆာအလှကိုကြည့်ရှုနိုင်ရန် Pre Rup Temple သို့သွားရောက်ကြပါမည်။ ထို့နောက် ညစာကို Local Resturant တွင် သုံးဆောင်ပြီးနောက် Angkor Night Market သို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်ကာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day 3: WatThmei – Grate Lake (B/L/D)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Siem Reap တွင်ရှိသော Pol Pot အစိုးရလက်ထက်က ပညာတတ်များ၏ အရိုးစုများထားရှိရာ WatThmei (Killing Field) သို့သွားရောက်လေ့လာကြပါမည်။ ထို့နောက် ပန်းပုလက်ရာများ၊ လက်မှုပညာများကို ကြည့်ရှုလေ့လာရင်း ၀ယ်ယူရရှိနိုင်သော Les Artisans D’ Angkor သို့သွားရောက်ကြပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပြီးနောက် အာရှ တွင် အကြီးဆုံးရေကန်ကြီးတစ်ခုဖြစ်သော Tonle Sap Great Lake ရှိရေပေါ်ရွာသို့သွားရောက်ကာ လှေငယ်လေးများစီးနင်း၍ သဘာဝအလှကို ကြည့်ရှုခံစားကြပါမည်။ ထို့နောက် Wat Bo ဘုရားကျောင်းသို့သွားရောက်လည်ပတ်ပြီး စျေးသက်သာစွာဖြင့် လက်ဆောင်ပစ္စည်းများ ၀ယ်ယူရရှိနိုင်သော Psar Chars ခေါ် Old Market သို့သွားရောက်၍စျေးဝယ်ထွက်ကြပါမည်။ ညစာကို Local Restaurant တွင် သုံး ဆောင်ပြီးနောက် ဟိုတယ်တွင်အေးချမ်းစွာအိပ်စက်အနားယူပါမည်။

Day 4: Departure (B)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ရန်ကုန်သို့ ပြန်လည်ထွက်ခွာရန် ကမ္ဘောဒီးယားဧည့်လမ်းညွှန်မှ လာရောက်ခေါ်ဆောင်၍ လေဆိပ်သို့ လိုက်ပါပို့ဆောင်ပေးပါမည်။

HOTEL USED:  4 STARS CATEGORY

Hotel in Siem Reap – Angkor Holiday hotel or Royal Empire Hotel or similar Hotel 4****


ပါ၀င်သော မပါ၀င်သော ၀န်ဆောင်မှု

ခရီးစဉ်တွင် ပါ၀င်သော ၀န်ဆောင်မှုများ
  1. ခရီးစဉ်တစ်လျှောက် Air Con လေအိပ်ကားဖြင့် အကြိုအပို ့
  2. ခရီးစဉ်တွင်ဖော်ပြထားသည့်အတိုင်း နံနက်စာ၊နေ ့လည်စာ နှင့် ညစာကို ကျွေးမွေးဧည့်ခံပါမည်။
  3. တစ်ရက်လျှင် ရေသန့်တဗူး
  4. ခရီးစဉ်တွင် ပါ၀င်သော လည်ပတ်သည့်နေရာများ၏ ၀င်ကြေးများ
  5. ကြယ်လေးပွင့်အဆင့်ရှိဟိုတယ်တွင် တည်းခိုစရိတ်
  6. English Speaking Tour Guide
ခရီးစဉ်တွင် မပါ၀င်သော ၀န်ဆောင်မှုများ
  1. International flight ticket
  2. ခရီးစဉ်တွင်ဖေါ်ပြမထားသောလည်ပတ်မှုများ၊ သွားလာစရိတ်များ
  3. လေယာဉ်ဝန်ပိုသယ်ဆောင်စရိတ် (Overweight Charges)
  4. ရေသန် ့၊အချိုရည် နှင် ့ အဖျော်ယမကာများ
  5. မိမိကိုယ်ပိုင်ပစ္စည်း သယ်ဆောင်ခများ (Poter Charges) များ
  6. အဝတ်လျှော်ခများ (Laundry Service),ကိုယ်ပိုင်အသုံးစရိတ်များ (Personal uses)
  7. Tips for guide (USD 3/per pax/per day)
 

ငွေပေးချေမှုရမည့်စည်းမျဉ်းစည်းကမ်းများ


ဘွတ်ကင် အခြေအနေများ

မကြာမှီလာမည်


စျေးနှုန်း : $

စိတ်၀င်စားဖွယ် နေရာများ

Siem Reap

Siem Reap, a resort town in northwestern Cambodia, is the gateway to the ruins of Angkor, the seat of the Khmer kingdom from the 9th–15th centuries. Angkor’s vast complex of intricate stone buildings includes preserved Angkor Wat, the main temple, which is pictured on Cambodia’s flag. Giant, mysterious faces are carved into the Bayon Temple at Angkor Thom. ဆက်ဖတ်ရန်

ဓါတ်ပုံပြခန်း

Cambodia – Siem Reap

- -

Starting from USD / pax

When it comes to a holiday trip in Myanmar, it is never too early to start planning.

Tours Information

Starting date of tour

Finishing date of tour

No of Travelers

Personal Details

Gender

Contact Name

Nationality

Country

Contact Email

Flight Number


ဖေ့ဘုတ်မှ နောက်ဆုံးရရှိသော ရုပ်ပုံများ


Odyssey Travels & Tours

Email
[email protected], [email protected]
Phone
(+95 9) 269869090, (+95 9) 269869091
Fax
(+95 1) 246337
Address
No.3/ A, Bogyoke Aung San Road, #14-00 Junction City Tower, Pabedan Township, 11141, Yangon, Myanmar
Website
www.odysseymyanmar.com

ပင်မ မာတိကာ

အချိန်ကာလ အလိုက် ခရီးစဉ်များရှာပါ

အမျိုးအစား အလိုက် ခရီးစဉ်များရှာပါ