Day 1: Arrival Hanoi(Dinner) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာလာရာ ဗီယက်နမ်နိုင်ငံ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်နှင့် ဧည့်လမ်းညွှန်မှ နွေးထွေးပျူငှာစွာ လာရောက်ကြိုဆိုပါမည်။ညစာတည်ခင်းဧည့်ခံပြီးနောက် ဟိုတယ်တွင် Check – in ပြုလုပ်ပြီးနောက် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ Day 2: Hanoi – Halong – Overnight on Cruise (Breakfast / Lunch/ Dinner) ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးနောက် Check out ပြုလုပ်ကာ UNESCO အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စရင်းဝင် ဟလောင်း ပင်လယ်အော်သို့ ၄နာရီခန့် ကားစီးကာထွက်ခွာပါမည်။ လမ်းတစ်လျှောက်တွင် ဗီယက်နမ်ကြွေထည် ပစ္စည်းများ ဒေသထွက်နာမည်ကြီး ကော်ဖီ နှင့် အခြားလက်ဆောင်ပစ္စည်းများ ၀ယ်ယူနိုင်ရန် ခေတ္တခဏရပ်တန့်ပေးပါမည်။ […]

Hanoi – Halong Overnight on Cruise

Starting from USD / pax



11 Comments | 0 Likes & Shares | 11 Viewed

ခရီးစဉ် အကျဉ်းချုပ်


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာလာရာ ဗီယက်နမ်နိုင်ငံ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်နှင့် ဧည့်လမ်းညွှန်မှ နွေးထွေးပျူငှာစွာ လာရောက်ကြိုဆိုပါမည်။ညစာတည်ခင်းဧည့်ခံပြီးနောက် ဟိုတယ်တွင် Check – in ပြုလုပ်ပြီးနောက် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။


Day 1: Arrival Hanoi(Dinner)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာလာရာ ဗီယက်နမ်နိုင်ငံ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်နှင့် ဧည့်လမ်းညွှန်မှ နွေးထွေးပျူငှာစွာ လာရောက်ကြိုဆိုပါမည်။ညစာတည်ခင်းဧည့်ခံပြီးနောက် ဟိုတယ်တွင် Check – in ပြုလုပ်ပြီးနောက် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day 2: Hanoi – Halong – Overnight on Cruise (Breakfast / Lunch/ Dinner)

ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးနောက် Check out ပြုလုပ်ကာ UNESCO အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်စရင်းဝင် ဟလောင်း ပင်လယ်အော်သို့ ၄နာရီခန့် ကားစီးကာထွက်ခွာပါမည်။ လမ်းတစ်လျှောက်တွင် ဗီယက်နမ်ကြွေထည် ပစ္စည်းများ ဒေသထွက်နာမည်ကြီး ကော်ဖီ နှင့် အခြားလက်ဆောင်ပစ္စည်းများ ၀ယ်ယူနိုင်ရန် ခေတ္တခဏရပ်တန့်ပေးပါမည်။ Halong Bay သို့ နေ့လည် (၁၂းဝဝ)ခန့််တွင် ရောက်ရှိမှာဖြစ်ပြီး Halong Bay Cruise တစ်ညအိပ်ခရီးစဉ် စတင်မှာဖြစ်ပါတယ်။ သင်္ဘောစထွက်သည် နှင့်ဟလောင်ပင်လယ်အော်၏ အလှကိုခံစားရင်း နေ့လည်စာတည်ခင်းဧည့်ခံပါမည်။ ခေတ္တခဏအနားယူပြီးနောက် Tip Top Island သို့သွားရောက်လည်ပတ်ပါမည်။ Tip Top Island သို့ရောက်ရှိပါက တောင်တတ်ခြင်းကိုနှစ်သက်သူများအတွက် ၁၅မိနစ်ခန့် တောင်ပေါ်သို့တက်ရောက်ခါ ဟလောင်းပင်လယ်အော်ကြီး၏အလှကို ပေါ်စီးမှကြည့်ရှုရင်း အမှတ်တရဓာတ်ပုံများရိုက်ကူးနိုင်ပါသည်။ ကမ်းခြေတွင် ရေကစားချင်သူများအနေနဲ့လည်း ရေကူးခြင်း အပန်းဖြေခြင်းများပြုလုပ်နိုင်ပါသည်။ ထို့နောက် Cruise ပေါ်သို့ပြန်လာကာ ညနေပိုင်းတွင် Cooking class အစီအစဉ်နှင့်အတူ ဗီယက်နမ်ရိုးရာကော်ပြန့်လိပ်ပြုလုပ်ပုံကို လက်တွေ့ပြုလုပ်လေ့လာကြပါမည်။ ထို့နောက် ဟလောင်းပင်လယ်အော်ကြီး၏ Night Life အားခံစားရင်း Cruise ပေါ်တွင် ညစာသုံးဆောင်၍ အေးချမ်းစွာအိပ်စက်အနား ယူပါမည်။

Day3: Halong – Hanoi (Breakfast / Lunch/ Dinner)

နံနက်ပိုင်းအားကစားပြုလုပ်ခြင်းကိုနှစ်သက်သူများအတွက် လတ်ဆက်ပင်လယ်လေရနံ့ကို ရှှုရှိုက်ရင်း Thi Chi လေ့ကျင့်ခန်း ပြုလုပ်ကြပါမည်။ ထို့နောက် နံနက်စာအဖြစ် Coffee, Tea & Cookies တို့ဖြင့်တည်ခင်းဧည့်ခံပါမည်။ နံနက်စာသုံးဆောင်ပြီးနောက် ကျောက်စက်ပန်စွဲများ ကျောက်စက်မိုးမျှော်များ နှင့်ခမ်းနာလှသော Hang Sung Sot Cave ခေါ် Surprising Cave ထုံးကျောက်ဂူအတွင်း သွားရောက်လည်ပတ်ပါမည်။ ထို့နောက်သင်္ဘောပေါ်သို့ပြန်လာကာ နေ့လည်စာသုံးဆောင်ရင်း ဟလောင်းကမ်းခြေသို့ ပြန်လည် ထွက်ခွာလာပါမည်။ ထို့နောက် Hanoi သို့မော်တော်ယာဉ်ဖြင့်ပြန်လည် ထွက်ခွာလာပါမည်။ Hanoi သို့ရောက်ရှိပြီးနောက် ဗီယက်နမ်၏ထင်ရှားသော Hoan Kiem Lake သို့သွားရောက်ပါမည်။ထို့နောက် ဗီယက်နန်ထုတ် အနွေးထည်များ လှပပြီးအရည်အသွေး ကောင်းမွန်သော ဒီဇိုင်းဆန်းအဝတ်အစားများ ၀ယ်ယူနိုင်ရန် 36 Ancient Street သို့ပို့ဆောင်ပေးပါမည်။ ဗီယက်နမ်ရိုးရာ နာမည်ကျော် ရေပေါ်ရုပ်သေးအက Water Puppet Show ကိုကြည့်ရှုပြီးနောက် ညစာဖြင့်တည်ခင်းဧည့်ခံပါမည်။ ထို့နောက် အိပ်စက်အနားယူရန် အတွက် Hotel သို့ပို့ဆောင်ပေးပါမည်။

Day 4: Hanoi – City Tour – Departure (Breakfast/Lunch)

ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးနောက် Hanoi မြို့တွင်းခရီးစဉ်ကို စတင်ပါမည်။ ပထမဦးစွာ Ba Dinh Square နှင့် အမျိုးသား ခေါင်းဆောင်ကြီး ဟိုချီမင်း၏ အထိမ်းအမှတ်ဂူဗိမ္မာန် Ho Chi Minh Mausoleum နှင့် အိမ်တော်သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ကြာပန်းပုံ တည်ဆောက်ထားသော One Pillar Pagoda သို့ သွားရောက်လေ့လာပါမည်။ ထိုမှတဆင့် ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးတက္ကသိုလ် ဖြစ်သော Temple of Literature သို့သွားရောက်လေ့လာပြီးနောက် နေ့လည်စာကို ဟင်းပွဲအမျိုးပေါင်း၂၀၀ကျော် တည်ခင်းထားသည့် International Buffet Sen Restaurant တွင် သုံးဆောင်ပါမည်။ ထို့နောက် ရန်ကုန်သို့ ပြန်လည်ထွက်ခွာရန် လေဆိပ်သို့ ပို့ဆောင်ပေးပါမည်။

Hotel classIn HanoiIn Halong
 4 StarsThang Long opera hotel,
Muong Thanh center hotel or similar
Flamingo Cruise similar
3 StarsFirst Eden hotel, Hoa Binh hotel or similarHalong lavender or similar

ပါ၀င်သော မပါ၀င်သော ၀န်ဆောင်မှု

ခရီးစဉ်တွင် ပါ၀င်သော ၀န်ဆောင်မှုများ
  1. ခရီးစဉ်တစ်လျှောက်ကားအကြိုအပို ့
  2. နံနက်စာ နေ ့လည်စာ နှင့် ညစာ ကို ခရီးစဉ်တွင် ဖော်ပြထားသည့်အတိုင်း ကျွေးမွေးဧည့်ခံပါမည်။
  3. ခရီးစဉ်တွင် ပါ၀င်သော လည်ပတ်သည့်နေရာများ၏ ၀င်ကြေးများ
  4. တရက်လျှင် ရေသန့်၁ဗူး
  5. English Speaking Tour Guide
  6. ကြယ်သုံးပွင့်ဆင့်ရှိဟိုတယ်တွင် ၃ညတာတည်းခိုစရိတ်
ခရီးစဉ်တွင် မပါ၀င်သော ၀န်ဆောင်မှုများ
  1. ခရီးစဉ်တွင်ဖေါ်ပြမထားသောလည်ပတ်မှုများ၊ သွားလာစရိတ်များ
  2. လေယာဉ်ဝန်ပိုသယ်ဆောင်စရိတ် (Extra Luggage Charges)
  3. စားသောက်ဆိုင်များတွင် အပိုသုံးဆောင်သည့် အချိုရည် နှင် ့ အဖျော်ယမကာများ
  4. မိမိကိုယ်ပိုင်ပစ္စည်း သယ်ဆောင်ခများ (Porter Charges) များ
  5. အဝတ်လျှော်ခများ (Laundry Service), ကိုယ်ပိုင်အသုံးစရိတ်များ (Personal uses)
  6. Tips for guide (USD 3/per pax/per day)
  7. Water Sport Activities
  8. International Air Tickets

ငွေပေးချေမှုရမည့်စည်းမျဉ်းစည်းကမ်းများ


ဘွတ်ကင် အခြေအနေများ

မကြာမှီလာမည်


စျေးနှုန်း : $

စိတ်၀င်စားဖွယ် နေရာများ

ဟနွိုင်း

ဟနွိုင်းမြို့သည် ဗီယက်နမ်နိုင်ငံ၏ မြို့တော်နှင့် ဒုတိယအကြီးဆုံးမြို့ဖြစ်သည်။ ၂၀၀၉ ခုနှစ် စာရင်းအရ လူဦးရေ ၆.၅ သန်း နေထိုင်လျှက် ရှိသည်။ ၁၀၁၀ ခုနှစ်မှ ၁၈၀၂ ခုနှစ် အထိ ၎င်းသည် ဆက်ဖတ်ရန်

ဓါတ်ပုံပြခန်း

Hanoi – Halong Overnight on Cruise



Starting from USD / pax

When it comes to a holiday trip in Myanmar, it is never too early to start planning.

Tours Information

Starting date of tour

Finishing date of tour

No of Travelers

Personal Details

Gender

Contact Name

Nationality

Country

Contact Email

Flight Number


ဖေ့ဘုတ်မှ နောက်ဆုံးရရှိသော ရုပ်ပုံများ


Odyssey Travels & Tours

Email
[email protected], [email protected]
Phone
(+95 9) 269869090, (+95 9) 269869091
Fax
(+95 1) 246337
Address
No.3/ A, Bogyoke Aung San Road, #14-00 Junction City Tower, Pabedan Township, 11141, Yangon, Myanmar
Website
www.odysseymyanmar.com

ပင်မ မာတိကာ

အချိန်ကာလ အလိုက် ခရီးစဉ်များရှာပါ

အမျိုးအစား အလိုက် ခရီးစဉ်များရှာပါ